Connect with us

Hi, what are you looking for?

News

နွေဦးတွင် တစ်​တောလုံး​ဝေ​စေခဲ့သည့် ပထမဆုံး​ကြွေလွှင့်ကြယ်

မသွဲ့သွဲ့ခိုင်ကျဆုံးမှု နှစ်ပတ်လည်နေ့(ယနေ့)တွင် မိသားစုဝင်များက သံဃာတော်များအား ဆွမ်းကပ်အလှူပြုလုပ်ခြင်း၊ တော်လှန်ရေးအင် အားစုအချို့က ချီတက်ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပထမဆုံးကျဆုံးခဲ့ရသူ မမြသွဲ့သွဲ့ခိုင်၏ ကျဆုံးမှုမှာ ယနေ့ (ဖေဖော်ဝါရီ ၉)တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

မသွဲ့သွဲ့ခိုင်ကျဆုံးမှု နှစ်ပတ်လည်နေ့(ယနေ့)တွင် မိသားစုဝင်များက သံဃာတော်များအား ဆွမ်းကပ်အလှူပြုလုပ်ခြင်း၊ တော်လှန်ရေးအင် အားစုအချို့က ချီတက်ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

“မိန်းကလေးတစ်ယောက် ကျည်ထိထားပြီဆိုပြီး ထွေးပွေ့ခေါ်လာတော့မှ သူမဆိုတာ သိလိုက်ရတယ်။ ဒီဓာတ်ပုံလေးဟာ ကျနော်ကိုယ်တိုင် အခင်းဖြစ်စဉ် ရိုက်ထားမိခဲ့တဲ့ ကြေကွဲစ ရာ မမေ့နိုင်စရာလေး ပုံရိပ်တစ်ခုပါပဲ။ ဖြစ်ရပ်တွေဟာ နှစ်ပတ်သာ လည်ခဲ့ပေမယ့် သွေးမအေးကြသူများအဖို့ မနေ့ကလိုပါပဲ”ဟု မမြသွဲ့သွဲ့ခိုင်ကျဆုံးသည့်နေ့က ဆန္ဒပြလူထုအတွင်း ရှိနေခဲ့သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် သပြေကုန်းအဝိုင်းအနီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူထုအား စစ်ကောင်စီလုံထိန်းတပ်က အကြမ်းဖက်ဖြိုခွင်းစဥ် ရဲအရာ ရှိတစ်ဦး၏ ပစ်ခတ်မှုကြောင့် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့ရခြင်း ဖြစ် သည်။ ​အကြမ်းဖက်စစ်​ကောင်စီက လက်နက်အားကိုးဖြင့် အာဏာလုယက်မှုကို ပြည်သူများက လက်မခံဘဲ ငြိမ်းချမ်းစွာဆန္ဒပြသူများထဲတွင် စစ်​ကောင်စီတပ်၏​သူရဲ​ဘော​ကြောင်စွာ​သေနတ်ဖြင့်ပစ်သတ်သဖြင့် ကျဆုံးခဲ့ရသည်မှာ ​နွေဦး​တော်လှန်​ရေးတွင် မမြသွဲ့သွဲ့ခိုင်သည် ပထမဆုံးသူရဲ​ကောင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သမိုင်းတွင်ကျန်ရစ်ခဲ့ပြီမို့ ဘယ်တော့မှလည်း မေ့လို့ရမှာ မဟုတ်ပါဘူး။ အခုဆိုရင် သူရဲ ကောင်း ညီမလေး မြသွဲ့သွဲ့ခိုင် ကောင်းရာဘုံဘဝ ရောက်နေမှာပါ”ဟု ဆန္ဒပြလူထုအတွင်း အတူရှိနေခဲ့သည့် အထက်ပါအမျိုးသားက ၎င်း ၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရင်ဖွင့်ထားသည်။

မမြသွဲ့သွဲ့ခိုင်ကျဆုံးသည့် ယမန်နှစ်(၂၀၂၁)ဖေ ဖော်ဝါရီ ၉ ရက်မှစ၍ ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ကျဆုံးပြည်သူ ၁၅၂၉ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။ ထို​ကြောင့်စစ်အုပ်စုက လက်နက်အားကိုးဖြင့် ပြည်သူများကို စစ်ဖိနပ်​အောက်တွင် အညံ့ခံရန် ရက်ရက်စက်စက်သတ်ဖြတ်​နေ​သော်လည်း ပြည်သူများက ဒီမိုက​ရေစီနှင့်လူအခွင့်အ​ရေးအတွက် ၊ဖက်ဒရယ်ဒီမီုက​ရေစီရရှိ​ရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို အမြစ်မှဆွဲနှုတ်ရန်စိတ်ပိုင်းဖြတ်ထားမှုနှင့် သံဓိဌာန်ကိုမတားဆီးနိုင်​တော့​ပါ။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၀) မှာလည်း ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၈) မှာ ပြုလုပ်ခဲ့ပါတယ်။