Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကို ​ဒေသခံPDFများတိုက်ခိုက် ရဲနှင့်စစ်သား​သေဆုံးထိခိုက်မှုများနိုင်

တိုက်ပွဲဖြစ်ပွား​နေချိန်တွင် အဆိုပါလမ်းအသုံးပြု​နေ​သောကားများမှာ တိုက်ပွဲဖြစ်ရာ​နေရာမ​ရောက်ခင် လမ်း​ပေါ်တွင် ရပ်နား​စောင့်ဆိုင်းခဲ့ကြ​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကိုဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက်၄နာရီ ၂၅မိနစ်ဝန်းကျင်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကံထူးမ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကျော်ကြာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု တန့်ဆည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မဟာက သတင်းထုတ်ပြန်သည်။

အဆိုပါကံထူးမရဲစခန်း တိုက်ခိုက်ရာတွင် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၆၊ ၇၊၈)၊ မင်းကင်း PDF တပ်ရင်း(၁)၊ TPC –(Taze People Comrades)၊ Myanmar Defense Force – (TanzeTiger)၊ (Phoenix Defence Force )-Taze၊ (Dragon Warrior)-Taze PDF ၊တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)များ မဟာမိတ်ညီနောင်များ စုပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

ကံထူးမ ရဲစခန်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ၊ ကျန်တော်လှန်ရဲဘော်အားလုံး ဘေးကင်းလုံခြုံသောနေရာသို့ အောင်မြင်စွာ​ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အ​ဖော်ပြထားသည်။ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)ကာကွယ်​ရေးဝန်ကြီးဌာနကလည်း ယ​နေ့တိုက်ပွဲသတင်းတွင် ကံထူးမရဲစခန်းကို တန့်ဆည့်PDF ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်နိုင်ချေ ရှိနေသောကြောင့်တန့်ဆည်-ကံထူးမလမ်း၊ ကံထူးမ-တမာတော-ရေဦးလမ်းပိုင်းများအားလုံးဝ(လုံးဝ) အသွားအလာ မပြုလုပ်ကြပါရန်လေးစားစွာ ပန်ကြားအပ်ကြောင်း၊ ထိုလမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်သော
နေ့ရက်အား ထပ်မံကြေညာပေးပါမည်ဟု တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တန့်ဆည်မီးငှက်အဖွဲ့တို့က အသိ​ပေးထားသည်။

တိုက်ပွဲဖြစ်ပွား​နေချိန်တွင် အဆိုပါလမ်းအသုံးပြု​နေ​သောကားများမှာ တိုက်ပွဲဖြစ်ရာ​နေရာမ​ရောက်ခင် လမ်း​ပေါ်တွင် ရပ်နား​စောင့်ဆိုင်းခဲ့ကြ​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ