Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့နယ် ရေလယ်ကျွန်း​ဒေသမှ စစ်​ကောင်စီလက်​အောက်ခံဝန်ထမ်းများ CDMပြုလုပ်ပြီး ပြည်သူနှင့်ပူး​ပေါင်းရန်ညီ​နောင်မဟာမိတ်အဖွဲ့များ သတိပေး

ညီနောင်အဖွဲ့တွင် MG6 ပြောက်ကျားတပ်ဖွဲ့၊ YSO NO.1 ပြောက်ကျားတပ်၊ YLK ပြောက်ကျားတပ်၊ ဘီလုံးပြောက်ကျားတပ်၊ ဒေါင်းညီနောင် PDF၊ YLK New Power Local PDF၊ နဂါးနီပြောက်ကျားတပ်တို့ပါဝင်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအားလုံး အမြန်ဆုံး CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူးပေါင်းရန်ညီနောင်မဟာမိတ်အဖွဲ့များကသတိပေးလိုက်သည်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက် တွင် လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် Non CDM ဝန်ထမ်းများအားလုံး အမြန်ဆုံး CDM ပြုလုပ်ကာ ပြည်သူနှင့်အတူပူးပေါင်းရန် ညီနောင်မဟာမိတ်အဖွဲ့များက ဖေဖော်ဝါရီလ၉ရက်နေ့တွင်
သတိပေး ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ Non-CDM ဝန်ထမ်းများအားလုံး လာမည့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့နောက်ဆုံးထား၍ CDM ပြုလုပ်ကြရန်၊ စစ်​ကောင်စီလက်အောက်ရှိ ဝန်ထမ်းများအားလုံး မိမိတို့ CDM ပြုလုပ်ထားကြောင်း အထောက်အထား စာရွက်စာတမ်းများအား နီးစပ်ရာဒေသကာကွယ်ရေးအဖွဲ့၊ ပြောက်ကျားတပ်ဖွဲ့များသို့ အသိပေးတင်ပြကြရန်၊ မိမိတို့ညီနောင်မဟာမိတ်အင်အားစုများ၏ သတိပေးချက်ကိုမလိုက်နာဘဲ ဆက်လက်တာဝန်ထမ်းဆောင်မည့် စစ်ကောင်စီလက်အောက်ခံ Non CDM များအား ဒလန်အဖြစ်သက်မှတ်ကာ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ညီနောင်မဟာမိတ်အဖွဲ့များက ပြင်းထန်စွာသတိပေးခဲ့သည်။

ညီနောင်အဖွဲ့တွင် MG6 ပြောက်ကျားတပ်ဖွဲ့၊ YSO NO.1 ပြောက်ကျားတပ်၊ YLK ပြောက်ကျားတပ်၊ ဘီလုံးပြောက်ကျားတပ်၊ ဒေါင်းညီနောင် PDF၊ YLK New Power Local PDF၊ နဂါးနီပြောက်ကျားတပ်တို့ပါဝင်သည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအပါအဝင် နယ်ဒေသအသီးသီး၌ Non CDMဝန်ထမ်းများအား CDM ပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးနေပြီ​ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။