Connect with us

Hi, what are you looking for?

News

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့လက်တွဲအလုပ်လုပ်ဖို့ စောမူတူးစေးဖိုးက တိုက်တွန်း

ဖေဖေါ်ဝါရီ ၁၁ ရက်မှာကျရောက်မယ့် (၇၄)ကြိမ်မြောက် ကရင်အမျိုးသားနေ့ကို ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး အဲဒီသဝဏ်လွှာမှာ တိုက်တွန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

People's Spring
People's Spring

ကရင်အမျိုးသားတွေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ ကြိုးပမ်းအားထုတ်နေကြတဲ့ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့လက်တွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁၁ ရက်မှာကျရောက်မယ့် (၇၄)ကြိမ်မြောက် ကရင်အမျိုးသားနေ့ကို ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး အဲဒီသဝဏ်လွှာမှာ တိုက်တွန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မိမိတို့ ကရင်အမျိုးသားတွေရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အခြားရပိုင်ခွင့် အခွင့်အရေးတွေအတွက် စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းအားထုတ်ပြီး အကောင်အထည်ဖော်ဆောင်ကြဖို့၊ မိမိတို့ အမျိုးသားတွေရဲ့ သမိုင်း၊ ဂုဏ်အင်္ဂါရပ်တွေနဲ့ အမျိုးသားလက္ခဏာ အစစ်အမှန်တွေကို ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကဲ့သို့ပင် ညီညီညွတ်ညွတ်နဲ့ ဆက်လက်ဖော်ဆောင်ပြီး မြှင့်တင်ကြပါလို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းထားပါသေးတယ်။

လူမျိုးတစ်မျိုးအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးအပြင် လူမျိုးတစ်မျိုးအနေနဲ့ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ နည်းလမ်းများစွာရှိပြီး အဲ့ဒီနည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ကာ ကြိုးပမ်းအားထုတ်သွားကြရမှာဖြစ်တဲ့အပြင် ကရင်အမျိုးသားတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အမှန်တကယ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ခြင်းဖြင့် မိမိတို့ကရင့်အမျိုးသားသမိုင်းမှန်ကို ရေးသားဖော်ထုတ်ကြရမယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားခဲ့ကြောင့် သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေအ၀၀ကို သုံးသပ်ပြီး နိုင်ငံရေးနည်းလမ်းကောင်းတွေကို ရှာဖွေဖေါ်ထုတ်ပြီးတော့ မိမိတို့ကရင့်အမျိုးသားတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်ရှိတဲ့အထိ ဆက်လက်လျှောက်လှမ်းသွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင့်အမျိုးသားတွေရဲ့ ရည်မှန်းချက်တွေဖြစ်ကြတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှရိရေး၊ တန်းတူရေး၊ ငြိမ်းချမ်းရေးနဲ့ အပြန်အလှန် အသိအမှတ်ပြုရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အသွင်အပြင်ဟာ ယနေ့ထက်ထိတိုင် လုံး၀ရုပ်လုံးပေါ်မလာပဲ ရှိနေဆဲပဲဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားသေးတာပါ။

၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ကရင်လူထုကြီး ၄ သိန်းကျော်က “ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ ပြည်တွင်းစစ်အလိုမရှိ၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ”ဆိုတဲ့ ဆောင်ပုဒ်ကြီးလေးရပ်ကို ငြိမ်းချမ်းစွားတောင်းဆိုဆန္ဒဖော်ထုတ်တဲ့နေ့ကို ကရင့်အမျိုးသားနေ့အဖြစ် ပထမဦးဆုံးကျင်းပတဲ့ ကော်သူးလေကွန်ဖရင့်မှာ အသိအမှတ်ပြုသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်တွေကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်မှု အပါအဝင် စစ်ရေးနဲ့နိုင်ငံရေး ယှဉ်တွဲပြီး နိုင်ငံ တည်ဆောက်မယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်း​ရေးမှူးအဖွဲ့ဝင်​တွေက ပြောကြားလိုက်ပြီး ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ လုပ်ဆောင်မယ်လို့အသိပေးပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။