Connect with us

Hi, what are you looking for?

LuduNwayOo

News

နေပြည်တော် မြို့နယ်ရှစ်ခုရှိ စခန်းမှူးများနှင့် တရားသူကြီးများ မတရားမှုများအတွက် ပြန်ပေးဆပ်ရမည်ဟု မဟာမိတ်သုံးဖွဲ့ သတိပေး

ရဲစခန်းမှူးများနှင့် တရားသူကြီးများ၏ ကိုယ်ရေးအချက် အလက်များကို အသေးစိပ်ရရှိထားပြီဖြစ်ပြီး ၎င်းတို့၏မတရားလုပ်ဆောင်မှုများအတိုင်း ပြန်လည်၍ အပြင်း အထန်ပေးဆပ်ကြရမည်ကို မမေ့လျော့ရန် အထူးသတိပေးကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

​(နေပြည်​တော် သ​ပြေကုန်း ဗိုလ်ချုပ်​ကြေးရုပ်၌ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်​နေ​သော ရဲတပ်ဖွဲ့ဝင်များကို ​၂၀၂၁ ဖေ​ဖော်ဝါရီ ၈ရက်က ​တွေ့ရစဥ်)

နေပြည်တော် မြို့နယ်ရှစ်ခုရှိ ရဲစခန်းမှူးများနှင့် တရား သူကြီးများအနေဖြင့် မတရားမှုများအတွက် ပြန်လည်ပေးဆပ်ကြရမည်ဖြစ်ကြောင်း စစ်တောင်းမြို့ပြပြောက် ကျားအဖွဲ့ (နပတ)နှင့် ညီနောင်သုံးဖွဲ့က ယနေ့(ဖေဖော်ဝါ ရီ ၁၁)သတိပေးချက် ထုတ်ပြန်လိုက်သည်။

မိမိတို့၏ မိသားစုနှင့် အသက်အိုးအိမ် မပျက်စီးချင်ပါက ပြည်သူနှင့် အတူပူးပေါင်း၍ တရားမျှတမှုရှိရှိ လုပ်ဆောင်ကြရန် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် အပြင်းအထန် သတိပေးလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ရဲစခန်းမှူးများနှင့် တရားသူကြီးများ၏ ကိုယ်ရေးအချက် အလက်များကို အသေးစိပ်ရရှိထားပြီဖြစ်ပြီး ၎င်းတို့၏မတရားလုပ်ဆောင်မှုများအတိုင်း ပြန်လည်၍ အပြင်း အထန်ပေးဆပ်ကြရမည်ကို မမေ့လျော့ရန် အထူးသတိပေးကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

“စခန်းမှူးများအနေဖြင့် မိမိ၏အသက်၊ မိမိ၏ မိသားစုအသက်အိုးအိမ်ကို အကြမ်းဖက်အာ ဏာရူးများအတွက် ပေးဆပ်မည်လား။ မိမိသည် နိုင်ငံရဲ့ တရားမျှတမှုကိုဖော်ဆောင်သည့် ရဲတစ်ယောက်အဖြစ် ဂုဏ်ယူစွာရှိနေမည်လား အထူးစဥ်းစားကြပါရန်လည်း သတိပေးအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ တရားသူကြီးများသည်လည်း တရားဥပဒေချိုးဖောက်၍ မတရားစီရင်နေမည်ဆိုပါက မိမိ၏မတရားစီရင်မှုအတိုင်း ပြန်လည်ပေးဆပ်ရမည်ကို စဥ်းစားထားးကြရန် အပြင်းအထန်သတိပေးအပ်ပါသည်ဟု ပါရှိသည်။

” ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ တော်လှန်ရေးလုပ်ငန်းစဥ်တွေကို ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းကာလုပ်ဆောင်သွားမယ့်အကြောင်း၊ ပြည်သူလူ ထုထံအသိပေးခြင်းနဲ့ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ အာဏာရှင်နဲ့အတူရပ်တည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့အတူရပ်တည်ကြဖို့ ပြည်သူနဲ့အတူမရပ်တည်ရင် တိုက်ခိုက်သွားမယ့်အကြောင်းသတင်းစကားပါးတဲ့အနေနဲ့ ထုတ်ပြန်တာပါ”ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နပတ)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

သက်ဆိုင်သူများအား သတိပေးချက်ထုတ်ပြန်သည့် ညီနောင်သုံးဖွဲ့တွင် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နပတ)၊ ဖိုးစောင့်တောင် လူငယ် ပြောက်ကျားအဖွဲ့ (နပတ)နှင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။