Connect with us

Hi, what are you looking for?

News

နေပြည်တော် မြို့နယ်ရှစ်ခုရှိ စခန်းမှူးများနှင့် တရားသူကြီးများ မတရားမှုများအတွက် ပြန်ပေးဆပ်ရမည်ဟု မဟာမိတ်သုံးဖွဲ့ သတိပေး

ရဲစခန်းမှူးများနှင့် တရားသူကြီးများ၏ ကိုယ်ရေးအချက် အလက်များကို အသေးစိပ်ရရှိထားပြီဖြစ်ပြီး ၎င်းတို့၏မတရားလုပ်ဆောင်မှုများအတိုင်း ပြန်လည်၍ အပြင်း အထန်ပေးဆပ်ကြရမည်ကို မမေ့လျော့ရန် အထူးသတိပေးကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

​(နေပြည်​တော် သ​ပြေကုန်း ဗိုလ်ချုပ်​ကြေးရုပ်၌ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်​နေ​သော ရဲတပ်ဖွဲ့ဝင်များကို ​၂၀၂၁ ဖေ​ဖော်ဝါရီ ၈ရက်က ​တွေ့ရစဥ်)

နေပြည်တော် မြို့နယ်ရှစ်ခုရှိ ရဲစခန်းမှူးများနှင့် တရား သူကြီးများအနေဖြင့် မတရားမှုများအတွက် ပြန်လည်ပေးဆပ်ကြရမည်ဖြစ်ကြောင်း စစ်တောင်းမြို့ပြပြောက် ကျားအဖွဲ့ (နပတ)နှင့် ညီနောင်သုံးဖွဲ့က ယနေ့(ဖေဖော်ဝါ ရီ ၁၁)သတိပေးချက် ထုတ်ပြန်လိုက်သည်။

မိမိတို့၏ မိသားစုနှင့် အသက်အိုးအိမ် မပျက်စီးချင်ပါက ပြည်သူနှင့် အတူပူးပေါင်း၍ တရားမျှတမှုရှိရှိ လုပ်ဆောင်ကြရန် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် အပြင်းအထန် သတိပေးလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ရဲစခန်းမှူးများနှင့် တရားသူကြီးများ၏ ကိုယ်ရေးအချက် အလက်များကို အသေးစိပ်ရရှိထားပြီဖြစ်ပြီး ၎င်းတို့၏မတရားလုပ်ဆောင်မှုများအတိုင်း ပြန်လည်၍ အပြင်း အထန်ပေးဆပ်ကြရမည်ကို မမေ့လျော့ရန် အထူးသတိပေးကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

“စခန်းမှူးများအနေဖြင့် မိမိ၏အသက်၊ မိမိ၏ မိသားစုအသက်အိုးအိမ်ကို အကြမ်းဖက်အာ ဏာရူးများအတွက် ပေးဆပ်မည်လား။ မိမိသည် နိုင်ငံရဲ့ တရားမျှတမှုကိုဖော်ဆောင်သည့် ရဲတစ်ယောက်အဖြစ် ဂုဏ်ယူစွာရှိနေမည်လား အထူးစဥ်းစားကြပါရန်လည်း သတိပေးအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ တရားသူကြီးများသည်လည်း တရားဥပဒေချိုးဖောက်၍ မတရားစီရင်နေမည်ဆိုပါက မိမိ၏မတရားစီရင်မှုအတိုင်း ပြန်လည်ပေးဆပ်ရမည်ကို စဥ်းစားထားးကြရန် အပြင်းအထန်သတိပေးအပ်ပါသည်ဟု ပါရှိသည်။

” ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ တော်လှန်ရေးလုပ်ငန်းစဥ်တွေကို ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းကာလုပ်ဆောင်သွားမယ့်အကြောင်း၊ ပြည်သူလူ ထုထံအသိပေးခြင်းနဲ့ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ အာဏာရှင်နဲ့အတူရပ်တည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့အတူရပ်တည်ကြဖို့ ပြည်သူနဲ့အတူမရပ်တည်ရင် တိုက်ခိုက်သွားမယ့်အကြောင်းသတင်းစကားပါးတဲ့အနေနဲ့ ထုတ်ပြန်တာပါ”ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နပတ)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

သက်ဆိုင်သူများအား သတိပေးချက်ထုတ်ပြန်သည့် ညီနောင်သုံးဖွဲ့တွင် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နပတ)၊ ဖိုးစောင့်တောင် လူငယ် ပြောက်ကျားအဖွဲ့ (နပတ)နှင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကတော်ဟောင်းရဲ့ အယူခံကိစ္စ ကြားနာမှုကို ဦးဆောင် စစ်ဆေးခဲ့တဲ့ အကြီးအမှူး တရားသူကြီးဟာ အဆုံးစီရင်တယ်လို့ ယူဆရတဲ့ အခြေအနေမျိုးနဲ့ သေဆုံးသွားပါတယ်။

ဆောင်းပါး

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။

သတင်း

နေပြည်တော်မှာ ဝါးတွေတင်ဆောင်လာတဲ့ကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။