Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

People's Spring
People's Spring

ဖေဖော်ဝါရီ၁၀ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုမှ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူ(ဝင်းမောင်း)ကျေးရွာအုပ်စုအတွင်းရှိ ညာဆာဂေါ်ထာရွာအတွင်းသို့ အမြောက်လက်နက်ကြီးများပစ်ခတ်ခဲ့၍ အသက် ၃နှစ်နှင့် ၆နှစ်အရွယ် ကလေးငယ် နှစ်ဦးနှင့် လူငယ်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အပြစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာ၊ ဥယျာဉ် ခြံမြေအတွင်းသို့ အမြောက်လက်နက်ကြီးများအား ယခင်ထက်အဆပေါင်းများစွာရမ်းသန်းပစ်ခတ်နေ၍ အပြစ်မဲ့ပြည် သူများ သေကြေ၊ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင် ရပ်ရွာ၊အိုးအိမ်များအားစွန့်ခွာကာ တောတောင် လျှိုမြောင်များအတွင်းသို့ တိမ်းရှောင်ခိုလှုံနေကြရကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။