Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းစိန်​ထောင်တွင်းမှ မတရားထိန်းသိမ်းခံနိုင်ငံ​ရေးအကျဥ်းသားများ အစာငတ်ခံ၍ နိုင်ငံ​ရေးသိဒ္ဓိတင်

စစ်အာဏာရှင် ဆန့်ကျင်မှု​ကြောင့် အင်စိန်အကျဥ်း​ထောင်အတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထား​ရ​​သော နိုင်ငံ​ရေးအကျဥ်းသားများက အစာငတ်ခံ၍ နိုင်ငံရေးသိဒ္ဓိတင်မှု ယ​နေ့(​ဖေ​ဖော်ဝါရီ ၁၂ရက်)တွင် ပြုလုပ်​ကြောင်း အသိ​ပေးထားသည်။

အင်းစိန်အကျဥ်းထောင်အတွင်းရှိနိုင်ငံရေး အချုပ် အနှောင်ခံများ၏ အသိပေးကြေညာချက်ဟုဆိုကာ “ကျွန်ုပ်တို့နိုင်ငံရေးအချုပ်နှောင်ခံများသည် (12.2.2022) မှ (14.2.2022) ထိ ၃ရက်တိုင်တိုင် မိမိကိုယ်မိမိ အဟာရဖြတ်ခြင်းပြုကာ နိုင်ငံရေးသိဒ္ဓိတင်သွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။”ဟု အသိ​ပေးထုတ်ပြန်သည်။

ထို့အပြင် ၎င်းနိုင်ငံရေးသိဒ္ဓိတင်မှုအားဖြင့် ကျွန်ုပ်တို့သက်သေထူလိူသည်မှာ – ၁။ စစ်အုပ်စုသည် နိုင်ငံသူ နိုင်ငံသားများမှ လက်ခံယုံကြည်သည့် ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေးယုံကြည်ချက်များအား ဖျောက်ဖျက်ရန်အတွက် ပြည်သူလူထုအား လက်နက်ကြီး/ငယ်များနှင့်သတ်ဖြတ်ဖြိုခွဲခြင်း၊ သောင်းနှင့်ချီသော လူပုဂ္ဂိုလ်များအား နံရံများသုံး၍ချုပ်နှောင်ခြင်း၊ ထောင်ဆွေးပုဒ်မများဖြင့်အမိန့်ချခြင်းတို့ကို အာဏာသိမ်းပြီးတနှစ်ကျော်ကာလထိ တစိုက်မတ်မတ်ကျူးလွန်ပြုလုပ်ခဲ့သည်။”ဟု ​ဖော်ပြထားသည်။

သို့သော် နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်အား အကြမ်းနည်းသုံး၍ နံရံများဖြင့် ဖျောက်ဖျက်ရန်ကြိုးပမ်းမှု မှန်သမျှသည် အချည်းနှီးဖြစ်ပြီး ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်များသည် မြူတမှုန်မျှ လွင့်ပြယ်မသွားကြောင်းကို ဤနိုင်ငံရေး သိဒ္ဓိတင်မှုအားဖြင့် ကျန်ုပ်တို့သက်သေထူသည်။

၂။ စစ်အုပ်စုကျူးလွန်ခဲ့သော မတရားမှုတိုင်းအတွက် မည်သည့်စကားပြောဆိုမှု၊ မည်သည့်ဆွေးနွေး ညှိုနှိုင်းမှုမျှ မပြုလုပ်လိုသော ကျွန်ုပ်တို့၏သဘောထားများအား ဤနိုင်ငံရေးသိဒ္ဓိတင်မှုအားဖြင့် ကျွန်ုပ်တို့သက်သေထူသည်။”ဟု ထပ်မံ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း၌ တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီ က မကြာခဏ ကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးတွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် ည မထွက်ရ အမိန့်သတ်မှတ်ချက်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

သတင်း

"စာရင်းထဲ ပါတဲ့သူက အထဲမှာ အနေအစား ချောင်မယ်။ပြီးတော့ လွတ်ငြိမ်းထိ မျှော်လို့ရတယ်ဆိုတာမျိုး ပြောနေတာ"ဟု စစ်ကောင်စီ၏ တရားစွဲဆိုခံထားရသည့် အမျိုးသမီး တစ်ဦးက​ပြောသည်။

သတင်း

ကိုနောင်ထက်အောင်ကို မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ထောင်ချလိုက်တာပါ။

သတင်း

ကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခြင်းကို သပိတ်မှောက်သည့်အနေဖြင့် သြဂုတ် ၁ ရက်က စတင်၍ အစာငတ်ခံဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။