Connect with us

Hi, what are you looking for?

News

တင့်ကားများတင်​ဆောင်လာ​သော စစ်ကောင်စီယာဥ်တန်းကို သ​ပြေညို​ပြောက်ကျားတပ် တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၄ရက် ည ၁၀နာရီခွဲခန့်က တွဲကားလေးစီးဖြင့် တင့်ကားများကို တင်ဆောင်လာခြင်းဖြစ်ပြီး အထူးပြုလုပ်ဖန်တီးထားသော မိုင်းကြီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

တင့်ကားများတင်ဆောင်လာသည်ဆိုသော တွဲကားလေးစီးအပါအဝင် ပွိုင့်ကားတစ်စီးကို အရာတော်-မုံရွာ လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၁၆)တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၄ရက် ည ၁၀နာရီခွဲခန့်က တွဲကားလေးစီးဖြင့် တင့်ကားများကို တင်ဆောင်လာခြင်းဖြစ်ပြီး အထူးပြုလုပ်ဖန်တီးထားသော မိုင်းကြီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“ တင့်ကားတွေ လာမယ်ဆိုတာ သတင်းကြိုရထားတယ်။ကျွန်တော့်တို့ လမ်းကြောင်းကို ချိန်ဆပြီး မိုင်းတွေကို ကြိုပြင်ဆင်ခဲ့တယ်။ဖြစ်စဥ်မှာ ပွိုင့်ကားကတော့ နေရာမှာတင်ကို ထိုးရပ်သွားခဲ့တာ ။ထိခိုက်အသေအပျောက်တော့ အတည်ပြုမရသေးဘူး” ဟု သပြေညိုပြောက် ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုစစ်ဆင်ရေးကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Ayadaw BoneNaing-PDF(A.B.N.PDF)၊ ပတ္တမြားညီနောင် ပြောက်ကြားတပ်ဖွဲ့ ၊ Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayar daw Falcon Force(AF2)၊ M.R.T.Fတပ်ဖွဲ့ နှင့် The Guys Of Burma Revolution Force (GBRF) ညီနောင် (၇) ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခဲ့မှုဖြစ်စဥ်တွင် ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။