Connect with us

Hi, what are you looking for?

News

ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် မွန်လူထုကို ဦးညွတ်ဂုဏ်ပြုကြောင်း NUG သဝဏ်လွှာပို့

နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်သူများ၊ မွန်လူငယ်များ၊ မွန်အမျိုးသမီးများ၊ မွန်ကျောင်းသားများအား အထူးပင် ဦးညွတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့သည်။

(မွန်ပြည်နယ်၊ မုဒုံမြို့၌ လူမဲ့သပိတ်ပြုလုပ်နေသည်ကို ၂၀၂၁ ဧပြီ၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ယနေ့(ဖေဖော်ဝါရီ ၁၆)ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် NUG၏ သဝဏ်လွှာ၌ဖော်ပြခြင်းဖြစ်ပြီး ယခုအချိန်သည် အကြမ်းဖက်စစ်အာဏာရှင်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့ကာ နိုင်ငံသူနိုင်ငံသားများအပေါ် အကြမ်းဖက်နှိမ်နှင်းခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသောကြောင့် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့် ခုခံတွန်းလှန်နေကြရချိန်ဖြစ်သည်ဟု ဆိုသည်။

မွန်အမျိုးသားများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ခိုင်မာပြတ်သားသောရပ်တည်မှုများဖြင့် ပါဝင်ဆောင် ရွက်ခဲ့ပြီး ခေတ်အဆက်ဆက်တွင်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် အခြားသော တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း NUGက သဝဏ်လွှာ၌ ဖော်ပြသည်။

ထို့အပြင် ယနေ့ကျရောက်သည့် မွန်အမျိုးသားနေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း (၇၀) ကျော် အသက်သွေးချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့အား ဦးညွတ်ဂုဏ်ပြုကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။