Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် မွန်လူထုကို ဦးညွတ်ဂုဏ်ပြုကြောင်း NUG သဝဏ်လွှာပို့

နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်သူများ၊ မွန်လူငယ်များ၊ မွန်အမျိုးသမီးများ၊ မွန်ကျောင်းသားများအား အထူးပင် ဦးညွတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့သည်။

(မွန်ပြည်နယ်၊ မုဒုံမြို့၌ လူမဲ့သပိတ်ပြုလုပ်နေသည်ကို ၂၀၂၁ ဧပြီ၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ယနေ့(ဖေဖော်ဝါရီ ၁၆)ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် NUG၏ သဝဏ်လွှာ၌ဖော်ပြခြင်းဖြစ်ပြီး ယခုအချိန်သည် အကြမ်းဖက်စစ်အာဏာရှင်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့ကာ နိုင်ငံသူနိုင်ငံသားများအပေါ် အကြမ်းဖက်နှိမ်နှင်းခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသောကြောင့် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့် ခုခံတွန်းလှန်နေကြရချိန်ဖြစ်သည်ဟု ဆိုသည်။

မွန်အမျိုးသားများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ခိုင်မာပြတ်သားသောရပ်တည်မှုများဖြင့် ပါဝင်ဆောင် ရွက်ခဲ့ပြီး ခေတ်အဆက်ဆက်တွင်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် အခြားသော တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း NUGက သဝဏ်လွှာ၌ ဖော်ပြသည်။

ထို့အပြင် ယနေ့ကျရောက်သည့် မွန်အမျိုးသားနေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း (၇၀) ကျော် အသက်သွေးချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့အား ဦးညွတ်ဂုဏ်ပြုကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။