Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတက်ရောက်ခွင့်မရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ယနေ့စတင်

ယင်းအစည်းအဝေးကို ၃ရက်ကြာကျင်းပမည်ဖြစ်ကာ မြန်မာ့အရေးကို အလေးထားဆွေးနွေးမည်ဟု ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။

▪️၃ရက်ကြာအစည်းအဝေးတွင် မြန်မာ့အရေး အလေးထားဆွေးနွေးမည်

မြန်မာစစ်ကောင်စီတက်ရောက်ခွင့်မရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အလှည့်ကျဥက္ကဌနိုင်ငံ ကမ္ဘောဒီးယား၊ ဖနွမ်းပင်မြို့၌ ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နံနက်ပိုင်းတွင် စတင်ကျင်းပ သည်။

အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်တို့က နိုင်ငံခြားရေးဝန်ကြီးများကိုယ်တိုင် တက်ရောက်ခဲ့ပြီး ထိုင်းနှင့် ဖိလစ်ပိုင်တို့က အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးကို ၃ရက်ကြာကျင်းပမည်ဖြစ်ကာ မြန်မာ့အရေးကို အလေးထားဆွေးနွေးမည်ဟု ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်မြန်မာစစ်ကောင်စီသည် ယမန်နှစ်က ချမှတ်ခဲ့သော အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိ၍ နိုင်ငံရေးကိုယ်စားလှယ်မဟုတ်သူ(non-political representative)ကိုသာ အဆင့်လျှော့ချကာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဖိတ်ကြားခဲ့သည်။

ထိုသို့ အဆင့်လျှော့ချဖိတ်ကြားမှုကို အကြမ်းဖက်စစ်ကောင်စီက လက်မခံဘဲ နိုင်ငံရေးကိုယ်စားလှယ်မဟုတ်သူကို စေလွှတ်မည်မဟုတ်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အထက်ပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပြီးခဲ့သည့် ဇန်နဝါရီက ကျင်းပရန် စီစဉ်ခဲ့သော်လည်း မြန်မာအကြမ်းဖက်စစ်ကောင်စီကို ဖိတ်ကြားရေးနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲကာ မကျင်းပဖြစ်ခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။