Connect with us

Hi, what are you looking for?

News

နေပြည်တော် ရေနီတံတားဂိတ်ကင်းစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းသေဟု ဗိုလ်ငွေစိုးပြော

ရန်သူဖက်မှ သုံးဦးထက်မနည်း ထိခိုက်ကျရှုံးပြီး မိမိတို့တပ်ဖွဲ့၀င်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း Nay Pyi Taw- PDFက အသိပေးသည်။

(နေပြည်တော် သပြေကုန်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကို ဖြိုခွင်းရန်ကြိုးပမ်းနေသော အကြမ်းဖက်စစ်ကောင်စီလက်ပါးစေရဲများကို ၂၀၂၁ ဖေဖော်ဝါရီ ၈ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

နေပြည်တော် ရေနီအရှေ့တံတားဂိတ်ကင်းစခန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံးဒဏ်ရာရရှိကြောင်း Nay Pyi Taw-PDF အဖွဲ့ဦးဆောင်သူ ဗိုလ်ငွေစိုးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၇)နံနက် ၆နာရီ ၄၅ မိနစ်တွင် နေပြည်တော် PDF တပ်ရင်း-၈၀၂ တပ်ခွဲ (၅)မှ ရေနီ အရှေ့တံတားဂိတ်မှ စစ်ကောင်စီတပ်သားများ ကင်းလှည့်ပြီးပြန်လာစဥ် ကင်းစခန်းအ​ရောက်တွင် ချိန်ကိုက်မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ဆိုသည်။

ရန်သူဖက်မှ သုံးဦးထက်မနည်း ထိခိုက်ကျရှုံးပြီး မိမိတို့တပ်ဖွဲ့၀င်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း Nay Pyi Taw- PDFက အသိပေးသည်။

“တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကလေကြောင်းနဲ့ရော ကုန်းကြောင်းရောပါဖိနေတယ်။ကျွန်တော်တို့ နေပြည်တော် PDFအနေနဲ့လည်း စစ်ကောင်စီကို ရရင်ရသလို တိုက်ခိုက်နိုင်တဲ့ စစ်ဆင်ရေးတစ်ခုအဖြစ်ဖော်ဆောင်ခဲ့တာပါ”ဟု ဗိုလ်ငွေစိုးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

Nay Pyi Taw- PDFမှ ရဲဘော်တစ်ဦးကလည်း “နိုင်ငံတစ်ဝန်းလုံး ပြည်သူ့​တော်လှန်​​ရေးတပ်​တွေကို စကစ ကနည်းမျိုးစုံနဲ့ ဖိနှိပ် တိုက်ခိုက်​နေတဲ့အတွက် ​နေပြည်​တော် PDF အ​နေနဲ့ အခွင့်​ရေးရရင်ရသလို စကစ ​ထောက်တိုင်မှန်သမျှကို ပြည်သူ့ဆန္ဒနဲ့အညီ တိုက်ခိုက်သွားမှာပါလို့​ပြောချင်ပါတယ်”ဟု ပြောသည်။

ထို့အပြင် ပြည်သူ့တော်လှန်ရေး အောင်ပွဲရရှိရန် မဝေးတော့သဖြင့် ပြည်သူများအားတင်းထားကြရန် Nay Pyi Taw- PDF က သတင်းစကားပါးသည်။

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း နေပြည်​တော် မြို့ပြ​ပြောက်ကျား မဟာမိတ်တပ်​ပေါင်းစုများမှ နေပြည်တော် ပျဉ်းမနား ယောက်သွားအင်းထွေအုပ်ရုံးသို့ ၄၀(မမ) ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခဲ့သည်။

အလားတူ ယင်းနေ့ နေ့လည်ပိုင်းက ပျဉ်းမနားမြို့ နယ် ပြည်ခိုင်ဖြိုးရုံးကို နေ့လည် ၁၂နာရီခန့်တွင် ဗုံးခွဲခြင်းနှင့် ပျဥ်းမနားမြို့ မြ၀တီဘဏ်ကို ဗုံးဖြင့် သွား ရောက်ပစ်ခတ်ခဲ့သေးသည်။ ​

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။