Connect with us

Hi, what are you looking for?

News

NUCC နှင့်တွေ့ဆုံဆွေးနွေးရန် အာဆီယံအထူးကိုယ်စားလှယ်ကို မလေးရှားအဆိုပြု

အလှည့်ကျဥက္ကဌက မ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်၌ ၂ ရက်တာကျင်းပနေသည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အရေးကို အလေးထားဆွေးနွေးနေကြခြင်းဖြစ်သည်။

▪️အကြမ်းဖက်စစ်ကောင်စီ တက်ရောက်ခွင့်မရှိသည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ အဆိုပြုခြင်းဖြစ်

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့်တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပြုလိုက်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၇) စတင်ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယင်းသို့အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၇ မှ ၂၉ရက်အထိ ကျင်းပခဲ့သော NUCC ပထမအကြိမ်ညီလာခံ၏ ရလဒ်များကို ကြည့်ရန်လည်း အထူးကိုယ်စားလှယ်ကို တိုက်တွန်းလိုက်သည်။

NUCC သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ကြားကာလပြည်နယ်အတိုင်ပင်ခံကောင်စီခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများစသည့် အင်အားစုများပါဝင်ကာ ဆွေးနွေးရေးနှင့် မူဝါဒ ညှိနှိုင်းရေး ပလက်ဖောင်းတစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

အလှည့်ကျဥက္ကဌက မ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်၌ ၂ ရက်တာကျင်းပနေသည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အရေးကို အလေးထားဆွေးနွေးနေကြခြင်းဖြစ်သည်။

ယင်းအစည်းအဝေးသို့ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရပေ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ PDFစစ်ရုံးချုပ်က ယနေ့(မေလ ၆ရက်)ထုတ်ပြန်သည်။

သတင်း

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။

Facebook