Connect with us

Hi, what are you looking for?

News

NUCC နှင့်တွေ့ဆုံဆွေးနွေးရန် အာဆီယံအထူးကိုယ်စားလှယ်ကို မလေးရှားအဆိုပြု

အလှည့်ကျဥက္ကဌက မ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်၌ ၂ ရက်တာကျင်းပနေသည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အရေးကို အလေးထားဆွေးနွေးနေကြခြင်းဖြစ်သည်။

▪️အကြမ်းဖက်စစ်ကောင်စီ တက်ရောက်ခွင့်မရှိသည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ အဆိုပြုခြင်းဖြစ်

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့်တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပြုလိုက်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၇) စတင်ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယင်းသို့အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၇ မှ ၂၉ရက်အထိ ကျင်းပခဲ့သော NUCC ပထမအကြိမ်ညီလာခံ၏ ရလဒ်များကို ကြည့်ရန်လည်း အထူးကိုယ်စားလှယ်ကို တိုက်တွန်းလိုက်သည်။

NUCC သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ကြားကာလပြည်နယ်အတိုင်ပင်ခံကောင်စီခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများစသည့် အင်အားစုများပါဝင်ကာ ဆွေးနွေးရေးနှင့် မူဝါဒ ညှိနှိုင်းရေး ပလက်ဖောင်းတစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

အလှည့်ကျဥက္ကဌက မ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်၌ ၂ ရက်တာကျင်းပနေသည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အရေးကို အလေးထားဆွေးနွေးနေကြခြင်းဖြစ်သည်။

ယင်းအစည်းအဝေးသို့ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရပေ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။