Connect with us

Hi, what are you looking for?

News

ရွှေဘိုတွင် စစ်​ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးထက်မနည်း​သေနိုင်ဟု​ဒေသခံPDFအဖွဲ့ထုတ်ပြန်

“အခင်းဖြစ်တဲ့အနီးကရွာ ကုလားမလက်ကောက်ကျရွာက ကျောက်မြောင်းမြို့နယ်ခွဲရဲ့တောင်ဘက်မှာရှိပါတယ်။ဧရာဝတီ မြစ်အနီးမှာပါ”ဟု နတ်​တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံးနိုင်ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၆ ရက်) နံနက် ၄း၃၀ အချိန်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ခွဲ ကျောက်မြောင်းမြို့မှ ကုလားမလက်ကောက်ကျ ကျေးရွာသို့လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ပြီး နောက် တပ်ကူထွက်လာသော ဆိုင်ကယ်ခြောက်စီးအား နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်GHOST RIDER special task force (mdy)အဖွဲ့တို့ပူးပေါင်း၍ ရှေ့ထွက်မိုင်းခြောက်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်လေးစီး ထိမှန်ပြီး အကြမ်းဖက်စစ်သား ငါးဦးနှင့်အထက်သေဆုံးနိုင်ကြောင်းနတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“အခင်းဖြစ်တဲ့အနီးကရွာ ကုလားမလက်ကောက်ကျရွာက ကျောက်မြောင်းမြို့နယ်ခွဲရဲ့တောင်ဘက်မှာရှိပါတယ်။ဧရာဝတီ မြစ်အနီးမှာပါ”ဟု နတ်​တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

ထို့အပြင်ကုလားမလက်ကောက်ကျကျေးရွာ မြောက်ဘက်တွင် ပြည်သူများ၏ ကြံခင်းများအား မီးရှို့ပြီး ပြန်ထွက်လာသောစစ်​ကောင်စီတပ်နှင့် ပျူစောထီး ခြောက်ဦးအား ရှေ့ထွက်မိုင်း သုံးလုံးဖြင့်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားနှင့် ပျူစောထီးလေးဦးထိမှန်ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ကျန်ရှိသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တစ်စုံတစ်ရာ ထိခိုက်ခြင်း မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ သို့သော် ဆိုင်ကယ်နှစ်စီးနှင့် ဖုန်းတစ်လုံးဆုံးရှုံးခဲ့ကြောင်းလည်းပါရှိသည်။

ဖေဖော်ဝါရီ ၃ ရက် ညနေ ၅ နာရီခွဲခန့်ကလည်း ဝက်လက်မြို့နယ်၊ သစ်ဆိမ့်အရှေ့ ရွာမှ ရှားကွဲရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ခြေလျှင်စစ်ကြောင်းထိုးလာစဥ် နှစ်​နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်ဘက်မှ ၁၀ဦးထက်မနည်း​သေဆုံးဒဏ်ရာရနိုင်​ကြောင်း လည်း
နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။