Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထုတ်ကုန်များ တင်သွင်း၊ သယ်ယူ၊ရောင်းချခွင့် တားမြစ်ချက်မလိုက်နာပါက အရေးယူမည်ဟု ဂန့်ဂေါ (ပအဖ) သတိပေး

ကြေညာချက်ပါ တားမြစ်ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချသည်များအားတွေ့ရှိပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတဆင့် ဥပဒေနှင့်အညီထိထိရောက် ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဂန့်ဂေါ ပအဖက​ဖေ​ဖော်ဝါရီ ၁၇ တွင် သတိပေးထားသည်။

ဂန့်ဂေါမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းလက်ပါးစေများမှ ထုတ်လုပ်သော ထုတ်ကုန်များ၊ဝန်ဆောင်မှုများကို တင်သွင်း၊သယ်ယူ၊ရောင်းချခြင်းများအား တားမြစ်ပိတ် ပင်ထားကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ကြေညာသည်။

ထို့ပြင် တင်သွင်း၊ သယ်ယူ၊ ရောင်းချခွင့် ပိတ်ပင်တားမြစ်ထားသော ထုတ်ကုန်များစာရင်းကို လည်း ထုတ်ပြန်ချက်၌ ဖော်ပြထားရာ အရက်၊ဘီယာ၊အချိုရည်များ၊ ဆေးလိပ်များ၊စားသောက် ကုန်နှင့် လူသုံးကုန်များ၊ Mytel ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်များ၊ ဘိလပ်မြေများ၊ စစ်တပ်နှင့် ၎င်းဆက်နွယ်ကုမ္ပဏီများ၊ အမည်မည်းစာရင်းပါ ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည်။

ကြေညာချက်ပါ တားမြစ်ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချသည်များအားတွေ့ရှိပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတဆင့် ဥပဒေနှင့်အညီထိထိရောက် ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဂန့်ဂေါ ပအဖက​ဖေ​ဖော်ဝါရီ ၁၇ တွင် သတိပေးထားသည်။

အခြားဒေသအသီးသီးတွင်လည်း စစ်ကောင်စီထုတ်ပြန်များ ရောင်းဝယ်ခြင်းမပြုရန် ထုတ်ပြန်ထားပြီး စစ်ကောင်စီဝင်ငွေထောက်တိုင်များကို ပြည်သူများ သပိတ်မှောက်ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။