Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထုတ်ကုန်များ တင်သွင်း၊ သယ်ယူ၊ရောင်းချခွင့် တားမြစ်ချက်မလိုက်နာပါက အရေးယူမည်ဟု ဂန့်ဂေါ (ပအဖ) သတိပေး

ကြေညာချက်ပါ တားမြစ်ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချသည်များအားတွေ့ရှိပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတဆင့် ဥပဒေနှင့်အညီထိထိရောက် ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဂန့်ဂေါ ပအဖက​ဖေ​ဖော်ဝါရီ ၁၇ တွင် သတိပေးထားသည်။

ဂန့်ဂေါမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းလက်ပါးစေများမှ ထုတ်လုပ်သော ထုတ်ကုန်များ၊ဝန်ဆောင်မှုများကို တင်သွင်း၊သယ်ယူ၊ရောင်းချခြင်းများအား တားမြစ်ပိတ် ပင်ထားကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ကြေညာသည်။

ထို့ပြင် တင်သွင်း၊ သယ်ယူ၊ ရောင်းချခွင့် ပိတ်ပင်တားမြစ်ထားသော ထုတ်ကုန်များစာရင်းကို လည်း ထုတ်ပြန်ချက်၌ ဖော်ပြထားရာ အရက်၊ဘီယာ၊အချိုရည်များ၊ ဆေးလိပ်များ၊စားသောက် ကုန်နှင့် လူသုံးကုန်များ၊ Mytel ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်များ၊ ဘိလပ်မြေများ၊ စစ်တပ်နှင့် ၎င်းဆက်နွယ်ကုမ္ပဏီများ၊ အမည်မည်းစာရင်းပါ ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည်။

ကြေညာချက်ပါ တားမြစ်ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချသည်များအားတွေ့ရှိပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတဆင့် ဥပဒေနှင့်အညီထိထိရောက် ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဂန့်ဂေါ ပအဖက​ဖေ​ဖော်ဝါရီ ၁၇ တွင် သတိပေးထားသည်။

အခြားဒေသအသီးသီးတွင်လည်း စစ်ကောင်စီထုတ်ပြန်များ ရောင်းဝယ်ခြင်းမပြုရန် ထုတ်ပြန်ထားပြီး စစ်ကောင်စီဝင်ငွေထောက်တိုင်များကို ပြည်သူများ သပိတ်မှောက်ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။