Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ချင်းနယ်မြေများလွတ်မြောက်ရေးတို့အတွက် ပြတ်သားစွာခုခံတွန်းလှန်ကြရမည်ဖြစ်ကြောင်း ICNCC တိုက်တွန်း

လက်ရှိ လွတ်မြောက်ရေးတိုက်ပွဲများ ဆင်နွှဲရင်း ညီညွတ်သော ချင်းပြည်တည်ဆောက်ရေးကို စတင်ကြရမည်ဟု ICNCC က တိုက်တွန်းပြီး ညီညွတ်သော ချင်းပြည်အဖြစ် မစုစည်းနိုင်ပါက လက်ရှိဆင်နွှဲနေသော လွတ်မြောက်ရေးတိုက်ပွဲသည် အောင်မြင်ပြီးမြောက်နိုင်မည်မဟုတ်ကြောင်း တဆက်တည်း သတိပေးသည်။

(မင်းတပ်မြို့၌ ကျင်းပ​သော (၇၀)နှစ်​မြောက် ချင်းအမျိုးသား​နေ့ကို ​တွေ့ရစဥ်)

လက်ရှိတွင် ချင်းတမျိုးသားလုံးသည် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ချင်းနယ်မြေများ လွတ် မြောက်ရေးတို့အတွက် ပြတ်သားစွာခုခံတွန်းလှန်ကြရမည်ဖြစ်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က တိုက်တွန်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ICNCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ် မချုပ်ငြိမ်းသမျှကာလပတ်လုံး ချင်းလူမျိုးများအပါအဝင် နိုင်ငံသူ၊ နိုင်ငံသားများသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လုံခြုံငြိမ်းချမ်းခြင်းများကို ရရှိခံစားနိုင်မည့်အခြေအနေမရှိကြောင်း ICNCCက ပြောသည်။

လက်ရှိ လွတ်မြောက်ရေးတိုက်ပွဲများ ဆင်နွှဲရင်း ညီညွတ်သော ချင်းပြည်တည်ဆောက်ရေးကို စတင်ကြရမည်ဟု ICNCC က တိုက်တွန်းပြီး ညီညွတ်သော ချင်းပြည်အဖြစ် မစုစည်းနိုင်ပါက လက်ရှိဆင်နွှဲနေသော လွတ်မြောက်ရေးတိုက်ပွဲသည် အောင်မြင်ပြီးမြောက်နိုင်မည်မဟုတ်ကြောင်း တဆက်တည်း သတိပေးသည်။

ထို့အပြင် ချင်းပြည်နှင့် ချင်းလူမျိုးများသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပီပြင်စွာ ပေါ်ထွန်းလာနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီ ညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၊ နိုင်ငံသူ နိုင်ငံသားများနှင့် ဆက်လက်ပူးပေါင်းပါဝင်ကြိုးပမ်းရမည်ဟု ICNCC က ဆိုသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ ချင်းတမျိုးသားလုံးအတွက် ကြီးမားသည့်စိန်ခေါ်မှုများ ကြုံတွေ့ရင်ဆိုင်ကျော်ဖြတ်နေရ သည့်အချိန်တွင် ချင်းတမျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်နိုင်ရန် အလေးအနက်တိုက်တွန်းပန်ကြားလိုကြောင်းလည်း ICNCC က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

သတင်း

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှမွေးဖွားပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF ဟာ တော်လှန်ရေးရဲ့ အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်မှာ တပ်ဖွဲ့စည်းမှု ၅နှစ်ပြည့်ပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်တဲ့အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမယ်လို့...

သတင်း

တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ပြီးမှ ရရှိသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို နောက်ထပ်အာဏာရှင်စနစ်အောက် ပြန်မရောက်ရေး အစွမ်းကုန် ကြိုးစားနေကြောင်း ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၆) မှာ ပြုလုပ်ခဲ့ပါတယ်။