Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ကနီမြို့နယ်ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာများဆယ်ကြိမ်မြောက် ရွာလုံးကျွတ်ထွက်ပြေးနေရ

‌”ဘယ်ကို ပြေးရမယ်ဆိုတာ မသိဘူး။ ဒီလိုပဲကြုံရာမှာခဏနားပြီး အန္တရာယ်နဲ့ နီးရင် ထပ်ပြေးရမှာ” ဟုဒေသခံအမျိုးသမီးကြီးတစ်ဦးကပြောသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးလာ၍ ကနီမြို့နယ် ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၉ရက်) ညနေ လေးနာရီခန့်အခြေအနေကို ဒေသခံများက ပြောကြားခြင်းဖြစ်သည်။

‌”ရွာဘက်ကို တက်လာလို့ ဘယ်သူမှမနေရဲကြဘူး။ အဘိုးကြီး အဘွားကြီးတွေရော မနေရဲလို့ ပြေးနေကြရပြီ။ဒီစစ်ခွေးတွေ စာနာစိတ်မရှိကြဘူး။ အရမ်းဒုက္ခရောက်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

‌ချင်းတွင်းမြစ်ကမ်းဘေး ရွာသုံးရွာထက်မနည်းပြေးနေရပြီး ယခုတစ်ကြိမ်အပါအဝင် လေးလအတွင်း ဆယ်ကြိမ်မြောက် ထွက်ပြေးရခြင်းဟု ဒေသခံများကပြောသည်။

‌”ဘယ်ကို ပြေးရမယ်ဆိုတာ မသိဘူး။ ဒီလိုပဲကြုံရာမှာခဏနားပြီး အန္တရာယ်နဲ့ နီးရင် ထပ်ပြေးရမှာ” ဟုဒေသခံအမျိုးသမီးကြီးတစ်ဦးကပြောသည်။

‌ယနေ့ ထွက်ပြေးနေရသော ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို စစ်ကြောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ဖူးပြီး ဒေသခံအများ ထိခိုက်သေဆုံးခဲ့ဖူးသည်။

‌လက်နက်အင်အားမမျှ၍ ထိပ်တိုက်ရက်ဆိုင်ရန် ခက်ခဲနေသည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြောသည်။

ထိုအပြင် ကနီ​မြို့နယ်အတွင်း​ဖေ​ဖော်ဝါရီ ၁၈ ရက်ညမှစ၍ အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ​ဒေသခံကာကွယ်​ရေးတပ်တို့တိုက်ပွဲဖြစ်ပွားပြီး ယ​နေ(​ဖေ​ဖော်ဝါရီ ၁၉) ရက်တွင်လည်းတိုက်ပွဲထပ်မံဖြစ်ပွားရာ စစ်​ကောင်စီတပ်က ဘုတလင်မြို့ မြသိန်းတန်ဘုရားကုန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍​ဒေသခံ​ကျေးရွာများထွက်​ပြေး​နေရ​ကြောင်း​ဒေသခံများက​ပြောသည်။ တိုက်ပွဲများနှင့် စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်​သောကြောင့် ဝက်ချောင်းလေး၊ ဝက်ချောင်းကြီး၊ အေးသာယာ၊ နတ်ကြီး၊ ဂွေးပင်၊ ရွာသာ၊ ချိုင်ရွာ စ​သော​ကျေးရွာများမှ ဒေသခံ တစ်ထောင်နီးခန့်မှာ နီးစပ်ရာ သစ်​တောများအတွင်းထွက်​ပြေး​နေရ​ကြောင်းသိ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။