Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းလူမျိုးများ တူမီးဖြင့်စတင်တော်လှန်ခဲ့ခြင်းက နိုင်ငံအနှံ့ PDFများပေါ်ပေါက်လာရန် အင်အားဖြစ်စေခဲ့ဟု ယာယီသမ္မတပြော

နိုင်ငံအနှံ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်များ တခုပြီးတခု ပေါ်ပေါက်လာခြင်းသည် ချင်းလူမျိုးများ၏ တော်လှန်ရေးဆီကနေရလာသည့် အင်အားများ၊ လှုံ့ဆော်မှုများ ပါဝင်ပါကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတစ်ဝန်း ပြည်သူ့ကာကွယ်ရေးတပ်မတော်များ တစ်ခုပြီး တစ်ခုပေါ်ပေါက်လာခြင်းမှာ စစ်ကောင်စီကို တူမီး သေနတ်များဖြင့် စတင်တော်လှန်ခဲ့သည့် ချင်းလူမျိုးများ၏ တော်လှန်ရေးဆီမှ အင်အားများ၊လှုံ့ဆော်မှုများ ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားသည်။

ယနေ့ကျရောက်သည့် (၇၄)ကြိမ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီ၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)မှ ကြီးမှူးကျင်းပရာ ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့သည်။

ယခု နွေဦးတော်လှန်ရေးတွင်လည်း မြို့ပြလမ်းမများပေါ်၌ ငြိမ်းချမ်းစွာဆန္ဒပြလူထုကို စစ်တပ်က ရက်ရက် စက်စက် ပစ်ခတ်သတ်ဖြတ်လာချိန် က​လေးကဘော်ဒေသရှိ ချင်းလူမျိုးများနှင့် တောင်ပေါ်ဒေသရှိ ချင်းလူမျိုးများက တူမီးသေနတ်များဖြင့် စတင်တော်လှန် ဦးဆောင်ခဲ့မှုများကို ဂုဏ်ယူစွာ တွေ့မြင်ခဲ့ရကြောင်းယာယီသမ္မတက ပြောသည်။

နိုင်ငံအနှံ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်များ တခုပြီးတခု ပေါ်ပေါက်လာခြင်းသည် ချင်းလူမျိုးများ၏ တော်လှန်ရေးဆီကနေရလာသည့် အင်အားများ၊ လှုံ့ဆော်မှုများ ပါဝင်ပါကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းလူမျိုးများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေးတွင် အင်ပြည့်အားပြည့်ပါဝင်ခဲ့ကြပြီးဖြစ်သကဲ့သို့ ဆက်လက်ပါဝင် ပေးကြရန်လည်း ယာယီသမ္မတက တိုက်တွန်း သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ချင်း ပြည်နယ်ကို ဖက်ဒရယ်ယူနစ်တစ်ခု ဖြစ်သည်နှင့် အညီ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူ ခွင့်ရရှိပြီး တိုးတက်သည့် ပြည်ထောင်စုဝင်ဖြစ်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ကတိပြုသည်။

ပဒေသရာဇ်ချင်းစော်ဘွားများအုပ်ချုပ်သည့် အုပ်ချုပ်ရေးစနစ်ကိုဖျက်သိမ်းပြီး လူအများ၏ ဆန္ဒဖြင့်အုပ်ချုပ်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ချင်းတစ်မျိုးသားလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ကြသည့်နေ့ကို အစွဲပြု၍ ချင်းအမျုးသားနေ့ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။