Connect with us

Hi, what are you looking for?

News

ချင်းလူမျိုးများ တူမီးဖြင့်စတင်တော်လှန်ခဲ့ခြင်းက နိုင်ငံအနှံ့ PDFများပေါ်ပေါက်လာရန် အင်အားဖြစ်စေခဲ့ဟု ယာယီသမ္မတပြော

နိုင်ငံအနှံ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်များ တခုပြီးတခု ပေါ်ပေါက်လာခြင်းသည် ချင်းလူမျိုးများ၏ တော်လှန်ရေးဆီကနေရလာသည့် အင်အားများ၊ လှုံ့ဆော်မှုများ ပါဝင်ပါကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတစ်ဝန်း ပြည်သူ့ကာကွယ်ရေးတပ်မတော်များ တစ်ခုပြီး တစ်ခုပေါ်ပေါက်လာခြင်းမှာ စစ်ကောင်စီကို တူမီး သေနတ်များဖြင့် စတင်တော်လှန်ခဲ့သည့် ချင်းလူမျိုးများ၏ တော်လှန်ရေးဆီမှ အင်အားများ၊လှုံ့ဆော်မှုများ ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားသည်။

ယနေ့ကျရောက်သည့် (၇၄)ကြိမ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီ၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)မှ ကြီးမှူးကျင်းပရာ ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့သည်။

ယခု နွေဦးတော်လှန်ရေးတွင်လည်း မြို့ပြလမ်းမများပေါ်၌ ငြိမ်းချမ်းစွာဆန္ဒပြလူထုကို စစ်တပ်က ရက်ရက် စက်စက် ပစ်ခတ်သတ်ဖြတ်လာချိန် က​လေးကဘော်ဒေသရှိ ချင်းလူမျိုးများနှင့် တောင်ပေါ်ဒေသရှိ ချင်းလူမျိုးများက တူမီးသေနတ်များဖြင့် စတင်တော်လှန် ဦးဆောင်ခဲ့မှုများကို ဂုဏ်ယူစွာ တွေ့မြင်ခဲ့ရကြောင်းယာယီသမ္မတက ပြောသည်။

နိုင်ငံအနှံ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်များ တခုပြီးတခု ပေါ်ပေါက်လာခြင်းသည် ချင်းလူမျိုးများ၏ တော်လှန်ရေးဆီကနေရလာသည့် အင်အားများ၊ လှုံ့ဆော်မှုများ ပါဝင်ပါကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းလူမျိုးများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေးတွင် အင်ပြည့်အားပြည့်ပါဝင်ခဲ့ကြပြီးဖြစ်သကဲ့သို့ ဆက်လက်ပါဝင် ပေးကြရန်လည်း ယာယီသမ္မတက တိုက်တွန်း သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ချင်း ပြည်နယ်ကို ဖက်ဒရယ်ယူနစ်တစ်ခု ဖြစ်သည်နှင့် အညီ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူ ခွင့်ရရှိပြီး တိုးတက်သည့် ပြည်ထောင်စုဝင်ဖြစ်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ကတိပြုသည်။

ပဒေသရာဇ်ချင်းစော်ဘွားများအုပ်ချုပ်သည့် အုပ်ချုပ်ရေးစနစ်ကိုဖျက်သိမ်းပြီး လူအများ၏ ဆန္ဒဖြင့်အုပ်ချုပ်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ချင်းတစ်မျိုးသားလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ကြသည့်နေ့ကို အစွဲပြု၍ ချင်းအမျုးသားနေ့ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။