Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်မြောက်လမ်းဆုံရဲစခန်း ဗုံးဖြင့်ထုခံရ

အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ACPLF)သည် ယမန်နေ့(ဖေဖော်ဝါရီ ၁၉)ညပိုင်းကလည်း ရန်ကုန်မြို့နေရာနှစ်ခုတွင် တိုက်ခိုက်ရေး မက်ရှင်များ ပြုလုပ်ခဲ့သေးသည်။

People's Spring
People's Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တောင်မြောက်လမ်းဆုံရဲစခန်းကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(ACPLF)က ယနေ့(ဖေဖော်ဝါရီ ၂၀)ထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီ ၁၈မိနစ်ခန့်က တောင်မြောက်လမ်းဆုံအမှတ်(၂)လမ်းမကြီးပေါ်ရှိ ရဲစခန်းအား M79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တိုက်ခိုက်မှုဖြစ်ပြီးရဲစခန်းအတွင်း အော်ဟစ်သံများနှင့်ရုတ်ရုတ်သဲသဲအခြေအနေကိုသာ ကြားသိခဲ့ရပြီး ထိခိုက်မှုအခြေအနေအသေးစိပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်းပြည်သူအားအသိပေးတင်ပြအပ်ပါသည်”ဟု ACPLF က ထုတ်ပြန်သည်။

အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ACPLF)သည် ယမန်နေ့(ဖေဖော်ဝါရီ ၁၉)ညပိုင်းကလည်း ရန်ကုန်မြို့နေရာနှစ်ခုတွင် တိုက်ခိုက်ရေး မက်ရှင်များ ပြုလုပ်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်ထိခိုက်မှုအ​သေးစိပ်ကို မသိရ​သေး​ကြောင်း အ​နောက်ပိုင်းခရိုင်ပကဖ စစ်ဆင်​ရေးတာဝန်ခံက ဆိုသည်။

သတင်း

ခြေရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၁၇ ဦး၊ စစ်ကိုင်းခရိုင် အမှတ်၅တပ်ရင်းမှ ရဲဘော် ၅ ဦး၊ အမှတ်(၆)တပ်ရင်းမှ ရဲဘော် ၂ ဦး၊ မြင်းမူ ပလဖအဖွဲ့မှ ရဲဘော် ၂ ဦး စုစုပေါင်း၂၆ဦး ကျဆုံးခဲ့သည်။

သတင်း

စစ်ဆင်ရေးကို ကြောင်လက်သည်း Local pdf၊ Dynamite-2 Local pdf၊ နန်းတက်မင်း Local pdf အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ဆိုင်းတောင် ရဲစခန်းကုန်း တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအ‌နေကို မသိရှိရသေးပေ။ စစ်ကောင်စီ ပစ်ခတ်၍ ဒဏ်ရာရသူသုံးဦးမှာ ဖားကန့်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။