Connect with us

Hi, what are you looking for?

News

တောင်မြောက်လမ်းဆုံရဲစခန်း ဗုံးဖြင့်ထုခံရ

အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ACPLF)သည် ယမန်နေ့(ဖေဖော်ဝါရီ ၁၉)ညပိုင်းကလည်း ရန်ကုန်မြို့နေရာနှစ်ခုတွင် တိုက်ခိုက်ရေး မက်ရှင်များ ပြုလုပ်ခဲ့သေးသည်။

People's Spring
People's Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တောင်မြောက်လမ်းဆုံရဲစခန်းကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(ACPLF)က ယနေ့(ဖေဖော်ဝါရီ ၂၀)ထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီ ၁၈မိနစ်ခန့်က တောင်မြောက်လမ်းဆုံအမှတ်(၂)လမ်းမကြီးပေါ်ရှိ ရဲစခန်းအား M79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တိုက်ခိုက်မှုဖြစ်ပြီးရဲစခန်းအတွင်း အော်ဟစ်သံများနှင့်ရုတ်ရုတ်သဲသဲအခြေအနေကိုသာ ကြားသိခဲ့ရပြီး ထိခိုက်မှုအခြေအနေအသေးစိပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်းပြည်သူအားအသိပေးတင်ပြအပ်ပါသည်”ဟု ACPLF က ထုတ်ပြန်သည်။

အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ACPLF)သည် ယမန်နေ့(ဖေဖော်ဝါရီ ၁၉)ညပိုင်းကလည်း ရန်ကုန်မြို့နေရာနှစ်ခုတွင် တိုက်ခိုက်ရေး မက်ရှင်များ ပြုလုပ်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။