Connect with us

Hi, what are you looking for?

News

ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင် ကွယ်လွန်ခြင်းအ​ပေါ် KNDFက ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်သည် ဖေဖော်ဝါရီ ၁၆ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး KNDF ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာကို MNDAA၏ ပြန်ကြားရေးသတင်းဌာန The Kokangက ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာလက်ခံရရှိကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ထုတ်ပြန်သည်။

ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်သည် ဖေဖော်ဝါရီ ၁၆ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး KNDF ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာကို MNDAA၏ ပြန်ကြားရေးသတင်းဌာန The Kokangက ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထူထောင်သူလည်းဖြစ်ပြီး ဥက္ကဌဟောင်းဖြစ်သူ ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင်သည် ၂၀၂၂ဖေဖော်ဝါရီ၁၆ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် ကျန်ရစ်သူမိသားစု၊ ကိုးကန့်အမျိုးသားများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း KNDF၏ သဝဏ်လွှာတွင် ပါရှိသည်။

ထို့အပြင် ဦးဖုန်ကြားရှင်သည် မြန်မာနိုင်ငံ၏ လွတ်လပ် ရေးခေတ်ဦး ပါလီမန်ခေတ်ကတည်းကပင် ကိုးကန့်စော်ဘွားကာကွယ်ရေးတပ် ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်မှူးအဖြစ်လည်းကောင်း၁၉၈၉ ခုနှစ်မှစ၍ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သို့မဟုတ် ကိုးကန့်တပ်ဖွဲ့ကို ဖွဲ့စည်းထူထောင် ခေါင်းဆောင်ခဲ့ပြီး ကိုးကန့်အမျိုးသားတန်းတူရေးဒေသတိုးတက်ရေးအပြင် တစ်နိုင်ငံလုံး၏ အာဏာရှင်ဆန့်ကျင်ရေးကို ဘဝတသက်တာလုံး ကြိုးပမ်းခဲ့သူအဖြစ် လေ့လာမှတ်သားရပြီး အမြော်အမြင်ကြီးမားသော ခေါင်းဆောင်ကြီးတစ်ဦး အဖြစ် အလေးအနက်ဖြစ်ရပါသည်ဟု ပါရှိသည်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားတန်းတူ တရားမျှတရေးအမှန်တရားရေး နှင့် ဖက်ရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးတို့အတွက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့်အတူ တတ်အားသရွေ့ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဟုလည်း KNDFက ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) သည် ကရင်နီဒေသတွင် ပြည်သူကာကွယ်ရေးမဟာမိတ်တပ်များနှင့်အတူ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး MNDAAကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ကောင်စီအား အရှိန်မြှင့်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။