သီရိလက်ာ၌ ယခုလကုန်ကျင်းပမည့် BIMSTEC ထိပ်သီးညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးရန် India For Myanmarက ယနေ့ တောင်းဆိုထုတ်ပြန်သည်။
BIMSTEC ထိပ်သီးညီလာခံသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုပါက အဖွဲ့ဝင်နိုင်ငံအစိုးရများသည် ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အဖွဲ့အစည်း အသီးသီး၊ တက်ကြွလှုပ်ရှာသူများ၏ ပြင်းထန်သည့်ဆန့်ကျင်မှုများကိုခံရမည်ဟု IFM က သတိပေးသည်။
“BIMSTEC အဖွဲ့အနေဖြင့် လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်များကို ကျူးလွန်သော ရာဇဝတ်မှုများစွာဖြင့် စွပ်စွဲခံထားရသည့် မြန်မာစစ်တပ်က ဖွဲ့စည်းထားသော စစ်ကောင်စီအဖွဲ့ဝင်များနှင့် ဆက်စက်ပတ်သက်မှုမှန်သမျှကို ရပ်တန်းကရပ်ရမည်”ဟု IFM က ဆိုသည်။
ဘဂ်လားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလက်ာနှင့် ထိုင်း ၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော BIMSTEC သည် အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်စပ်မှုအချို့ရှိသည်ကိုတွေ့ရပြီး ယင်းလုပ်ရပ်များသည် BIMSTEC အဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေခဲ့သည်ဟု IFMက ထုတ်ပြန်သည်။

Public Service Announcement
မြန်မာပြည်သူများက နိုင်ငံတဝန်း၌ ‘၂၂၂၂၂၂’ လူထုလှုပ်ရှားမှု လုပ်ဆောင်နေချိန်တွင် IFM ကထုတ်ပြန်ခြင်းဖြစ်သည်။
ထို့အပြင် BIMSTEC သည် မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှု၊ နွေဦးတော်လှန်ရေးတောင်းဆိုချက်များကို လေးစားလိုက်နာရမည်ဟု တိုက်တွန်းသည်။
