Connect with us

Hi, what are you looking for?

News

BIMSTEC ထိပ်သီးညီလာခံသို့ မင်းအောင်လှိုင်ကို မဖိတ်ကြားရန် IFM တိုက်တွန်း

BIMSTEC ထိပ်သီးညီလာခံသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုပါက အဖွဲ့ဝင်နိုင်ငံအစိုးရများသည် ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အဖွဲ့အစည်း အသီးသီး၊ တက်ကြွလှုပ်ရှာသူများ၏ ပြင်းထန်သည့်ဆန့်ကျင်မှုများကိုခံရမည်ဟု IFM က သတိပေးသည်။

သီရိလက်ာ၌ ယခုလကုန်ကျင်းပမည့် BIMSTEC ထိပ်သီးညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးရန် India For Myanmarက ယနေ့ တောင်းဆိုထုတ်ပြန်သည်။

BIMSTEC ထိပ်သီးညီလာခံသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုပါက အဖွဲ့ဝင်နိုင်ငံအစိုးရများသည် ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အဖွဲ့အစည်း အသီးသီး၊ တက်ကြွလှုပ်ရှာသူများ၏ ပြင်းထန်သည့်ဆန့်ကျင်မှုများကိုခံရမည်ဟု IFM က သတိပေးသည်။

“BIMSTEC အဖွဲ့အနေဖြင့် လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်များကို ကျူးလွန်သော ရာဇဝတ်မှုများစွာဖြင့် စွပ်စွဲခံထားရသည့် မြန်မာစစ်တပ်က ဖွဲ့စည်းထားသော စစ်ကောင်စီအဖွဲ့ဝင်များနှင့် ဆက်စက်ပတ်သက်မှုမှန်သမျှကို ရပ်တန်းကရပ်ရမည်”ဟု IFM က ဆိုသည်။

ဘဂ်လားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလက်ာနှင့် ထိုင်း ၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော BIMSTEC သည် အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်စပ်မှုအချို့ရှိသည်ကိုတွေ့ရပြီး ယင်းလုပ်ရပ်များသည် BIMSTEC အဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေခဲ့သည်ဟု IFMက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများက နိုင်ငံတဝန်း၌ ‘၂၂၂၂၂၂’ လူထုလှုပ်ရှားမှု လုပ်ဆောင်နေချိန်တွင် IFM ကထုတ်ပြန်ခြင်းဖြစ်သည်။

ထို့အပြင် BIMSTEC သည် မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှု၊ နွေဦးတော်လှန်ရေးတောင်းဆိုချက်များကို လေးစားလိုက်နာရမည်ဟု တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။