Connect with us

Hi, what are you looking for?

News

မန္တ​လေးမြို့ စစ်​ဆေး​ရေးဂိတ်​ဗုံး​ပေါက်၊ ရဲမှူးအပါအဝင် ခုနစ်ဦး ဒဏ်ရာရ

“သေတာတော့ မကြာမိသေးဘူး။ဒါပေမယ့် ရဲတွေတော့ တော်တော်ထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲမှူးတစ်ဦးအပါအဝင် ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၃) ညနေ ၄နာရီခွဲခန့်က ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန် – မန္တလေးကားလမ်းနှင့် သခင်ဖိုးလှကြီးလမ်း ရတနာပုံမီးပွိုင့် လမ်းဆုံရှိ ယာဉ်စစ်ဆေးသည့် နေရာ၌ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

“သေတာတော့ မကြာမိသေးဘူး။ဒါပေမယ့် ရဲတွေတော့ တော်တော်ထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဥ်တွင် ထိခိုက်ခဲ့သူများစာရင်းအရ ရဲမှူးတင်မောင်လင်း၊ ရဲအုပ် အိအိလှိုင်၊ ဒုရဲအုပ် ကိုကိုဖြိုး၊ တပ်သား သီရိလွင်၊ ရဲဒုတပ်ကြပ်မျိုးတင့်ကြည်၊တပ်ကြပ်ကြီး(မီးသတ်) စိုးလင်းအောင်နှင့်ထွေအုပ်ယာဉ်မောင်း ထွန်းထွန်းလင်းတို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု Guerilla Force of Manda lay က အသိ​ပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးဟာ မနေ့ညက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ မြဝတီမြို့ခံတချို့က အတည်ပြုပါတယ်။

သတင်း

မန္တလေးတိုင်းထဲက တံတားဦးနဲ့ညောင်ဦးမြို့နယ်တို့မှာလည်း ဆက်တိုက်​ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ ကို သတင်းပေါက်ကြားမှု​နေပြည်​တော်မှ လာရောက်စစ်ဆေးသည့် ​အထူးစစ်​ဆေး​ရေးအဖွဲ့မှ ရဲမှူးအဆင့်ရှိသူ နှစ်ဦးအား ပုသိမ်မြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မင်းမင်းနှင့် အဖွဲ့ကဓါးဖြင့်တိုက်ခိုက်၍ ဒုရဲမှူး တစ်ဦး​သေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။

သတင်း

မုပ္ပလင်ဂိတ်စခန်းကို မဖျက်သိမ်းဘဲ အင်အားဆက် လက်တိုးချဲ့ပါက ယခုထက် ပိုပြင်းထန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ဆသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။