Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တ​လေးမြို့ စစ်​ဆေး​ရေးဂိတ်​ဗုံး​ပေါက်၊ ရဲမှူးအပါအဝင် ခုနစ်ဦး ဒဏ်ရာရ

“သေတာတော့ မကြာမိသေးဘူး။ဒါပေမယ့် ရဲတွေတော့ တော်တော်ထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲမှူးတစ်ဦးအပါအဝင် ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၃) ညနေ ၄နာရီခွဲခန့်က ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန် – မန္တလေးကားလမ်းနှင့် သခင်ဖိုးလှကြီးလမ်း ရတနာပုံမီးပွိုင့် လမ်းဆုံရှိ ယာဉ်စစ်ဆေးသည့် နေရာ၌ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

“သေတာတော့ မကြာမိသေးဘူး။ဒါပေမယ့် ရဲတွေတော့ တော်တော်ထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဥ်တွင် ထိခိုက်ခဲ့သူများစာရင်းအရ ရဲမှူးတင်မောင်လင်း၊ ရဲအုပ် အိအိလှိုင်၊ ဒုရဲအုပ် ကိုကိုဖြိုး၊ တပ်သား သီရိလွင်၊ ရဲဒုတပ်ကြပ်မျိုးတင့်ကြည်၊တပ်ကြပ်ကြီး(မီးသတ်) စိုးလင်းအောင်နှင့်ထွေအုပ်ယာဉ်မောင်း ထွန်းထွန်းလင်းတို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု Guerilla Force of Manda lay က အသိ​ပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုပ္ပလင်ဂိတ်စခန်းကို မဖျက်သိမ်းဘဲ အင်အားဆက် လက်တိုးချဲ့ပါက ယခုထက် ပိုပြင်းထန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ဆသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သတင်း

ယ​နေ့နံနက်အ​စောပိုင်း မဏ္ဍပ်သို့ပြည်သူများမ​ရောက်ခင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များသာရှိ​နေချိန်တွင် ဗုံး​ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့မှ စစ်ကြောင်းမှုးအပါအဝင် ရှစ်ဦး၊ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်ကနှစ်ဦး၊ စုစုပေါင်း ဆယ်ဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သတင်း

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။