Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်သတင်းရဲတပ်ဖွဲ့ထံလာစစ်​ဆေး​သော​ နေပြည်​တော်မှ ရဲမှူး ၂ ဦးကို အစစ်ခံရ​သောရဲက ဓါးဖြင့်ထိုး ၁ ဦး​သေ၊ ၁ဦးဒဏ်ရာရ

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ ကို သတင်းပေါက်ကြားမှု​နေပြည်​တော်မှ လာရောက်စစ်ဆေးသည့် ​အထူးစစ်​ဆေး​ရေးအဖွဲ့မှ ရဲမှူးအဆင့်ရှိသူ နှစ်ဦးအား ပုသိမ်မြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မင်းမင်းနှင့် အဖွဲ့ကဓါးဖြင့်တိုက်ခိုက်၍ ဒုရဲမှူး တစ်ဦး​သေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။

ဒုရဲမှူး ၂ ဦးကို ဓါးဖြင့်ထိုးခဲ့​သော တပ်ကြပ်ကြီးမင်းမင်း

ရဲခေါင်/People’s Spring

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ ကို သတင်းပေါက်ကြားမှု​နေပြည်​တော်မှ လာရောက်စစ်ဆေးသည့် ​အထူးစစ်​ဆေး​ရေးအဖွဲ့မှ ရဲမှူးအဆင့်ရှိသူ နှစ်ဦးအား ပုသိမ်မြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မင်းမင်းနှင့် အဖွဲ့ကဓါးဖြင့်တိုက်ခိုက်၍ ဒုရဲမှူး တစ်ဦး​သေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၁၇ ရက်ညက ဖြစ်ပွားခဲ့သည့်အထက်ပါ ဖြစ်စဥ်တွင် ပုသိမ်သတင်းရဲတပ်ဖွဲ့ ၁၅ မှတပ်​ကြပ်ကြီး မင်းမင်း နှင့် တပ်သား ဇော်ကြီး တို့အားသတင်းပေါက်ကြားမှုဖြင့်​​နေပြည်​တော်မှလာသည့် အထူးစစ်​ဆေး​ရေးအဖွဲ့မှ ဒုရဲမှူးအောင်ကိုမင်း နှင့် ဒုရဲမှူးဇော်မင်းလတ်တို့ကလာ​ရောက်စစ်ဆေးခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့လာ​ရောက်စစ်​ဆေးရင်း တပ်ကြပ်ကြီးမင်းမင်းက သတင်းရဲတပ်ဖွဲ့၏ ဒုရဲမှူးအဆင့်ရှိသူဇော်မင်းလတ်အားဓါးဖြင့်တိုက်ခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး၊ ဒုရဲမှူးအောင်ကိုမင်းအားနားထင်ကို ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း ပုသိမ်မြို့ စစ်ကောင်စီနှင့် ဆက်စပ်သူက အသိပေးသည်။

“ပုသိမ်က ရဲတပ်ဖွဲ့တွေကို ရခိုင်ကိုလွှတ်မယ်ဆိုပြီး သတင်းပေါက်တာ နဲ့ ရခိုင်ထဲကိုစက်သုံးဆီ မှောင်ခိုလမ်းကြောင်း ဖောက်လို့ ဆိုပြီးစစ်တာလို့သိရတယ်။အဲဒီနှစ်ခု ကြားတယ်။တပ်ကြပ်ကြီး မင်းမင်းနဲ့ တပ် ကြပ် ဇော်ကြီးတို့တော့ လွတ်သွားတယ်ပြောတယ်။အဲဒါကြောင့် ပုသိမ်မြို့မှာ အစစ်ဆေး တွေ ကြမ်းနေတယ်”ဟု အထက်ပါသတင်းရင်းမြစ်က People’s Spring သို့ပြောသည်။

လက်ရှိတွင် ပုသိမ် ရဲသတင်းတပ်ဖွဲ့(၁၅)သတင်းပေါက်ကြားမှုနှင့် အုပ်ချုပ်မှု့လျော့နည်းဖြစ်စဉ်ကိုစုံခုံဖွဲ့စစ်ဆေးရန် စစ်ကောင်စီ၏ ဒုရဲမှူးကြီးအောင်နေမျိုးကို ဆက်လက် တာဝန်ပေးလိုက်ကြောင်းလည်း စုံစမ်းသိရသည်။

အထူးစစ်ဆေးရေးအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ် SB-ဇော်ကြီးမှ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် SB-မင်းမင်းကို ရုံးတွင်ထိန်းသိမ်းထားပြီး ဖမ်းဆီးစစ်ဆေး‌နေစဥ်စက်တင်ဘာ(၁၈)ရက်

မနက်အ​စော ၄ နာရီ တွင် SB-မင်းမင်းက ဓားဖြင့်ထိုး၍ဒုရဲမှူးအောင်ကိုမင်း သေဆုံးပြီး ကျန် (၁)ဦး သည် အူများထွက်ကျပြီး ပုသိမ်ဆေးရုံကြီးတွင် အရေးပေါ်‌ဆေးဝါးကုသမှုခံယူနေရသည်ဟု ကနဦးသိရပြီး အဖွဲ့တွင်ပါလာသည် နောက်ထပ်(၂)ဦးပါ ဒဏ်ရာအနည်းငယ်ရသွားကြောင်း စစ်​ကောင်စီဝါဒဖြန့် သတင်းဌာနအချို့က​ဖော်ပြထားသည်။ ဓါးဖြင့်ထိုး၍ထွက်ပြေးသွား​သောမင်းမင်းကို ယခုအခါဖမ်းဆီးမိသွားကြောင်း စစ်​ကောင်စီဘက်ကဆိုသည်။အမှန်တကယ်မိခြင်းရှိ ၊မရှိကိုမူ People’s Springကသီးခြားအတည်မပြုနိုင်​သေး​ပေ။

အရက္ခတပ်​တော် (AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစု ဆုံးရှုံးနေရသည့် စစ်ကောင်စီက ဧရာဝတီတိုင်းရှိ ၎င်း၏ တပ်ရင်းများကို စစ်ကူအဖြစ်အများဆုံးပို့လျှက်ရှိသည်။

ထိုအနက် ပုသိမ်မြို့အခြေစိုက် အမှတ် ၂၇၁ ​ခြေလျင်တပ်ရင်း( ခလရ ၂၇၁) မှ စစ်ကောင်စီ အရာရှိ စစ်သည်များ အပါအဝင် အယောက် ၄၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်။ထိုအပြင် ဖျာပုံမြို့အခြေစိုက် ခလရ ၉၈ မှ တပ်သား ၁၀ ဦး ထက်မနည်း ရခိုင်ပြည်နယ်စစ်ဆင်ရေး၌ သေဆုံးအဆက်အသွယ်ပြတ်တောက်မှုများရှိကြောင်း DVB သတင်းဌာနကစက်တင်ဘာ ၁၇ ရက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တိုက်ပွဲတွင် စစ်ကူပို့ခံရ​သောစစ်သားများ ၊စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့်စု​ဆောင်းသင်တန်း​ပေးပြီး​​ရှေ့တန်း​စေလွှတ်ခံရ​သော စစ်သားသစ်များ အများဆုံး​သေဆုံး​နေ​ကြောင်း AAကလည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။