Connect with us

Hi, what are you looking for?

News

ဒုဗိုလ်မှုးကြီးနှစ်ဦး ပြည်သူ့ဘက်ကူးပြောင်းရပ်တည်လာပြီး ထပ်မံကူးပြောင်းလာမည့် အရာရှိများလည်းရှိ​နေ

တပ်တွင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီအပေါ် မယုံကြည်မှုများ ပိုမိုများပြားလာပြီး ရှေ့တန်းစခန်းများတွင်လည်း စွန့် ခွာလိုသူများ ရှိနေ သည်ဟု ဆိုသည်။

(ဝန်ထမ်းများ CDM ပြုလုပ်ကြရန် လှုံ့​ဆော်ဆန္ဒပြ​တောင်းဆို​နေသည်ကို ၂၀၂၁ ​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်ကောင်စီအပေါ် မယုံကြည်မှုများ ပိုမိုများပြားလာဟု တပ်တွင်းရင်းမြစ်များပြော

တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိနှစ်ဦး ပြည်သူ့ဘက်ပြောင်းလဲရပ်တည်လာပြီး ထပ်မံကူးပြောင်းလာမည့်အရာရှိများလည်းရှိနေကြောင်း CDM တပ်မတော်သား ကိုညီသုတက ပြောသည်။

ယခင်က ပြည်သူ့ဘက်ကူးပြောင်းလာသည့် အမြင့်ဆုံးမှာ ဗိုလ်မှူးအဆင့်ဖြစ်ပြီး လက်ရှိတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်လာခြင်းဖြစ်သည်။

“ဒီအဆင့်တွေဟာ ပုံမှန်အားဖြင့်ဆိုရင် ထွက်ဖို့ခက်တယ်။ သူတို့ထဲမှာလည်း ဒီလိုပဲ ကြိုတင်တိုင်ပင်ဆွေးနွေးတဲ့သူတွေ ထပ်ရှိသေးတယ်။ တချို့ကတော့ လုပ်ဖို့ရာ ချိန်ဆနေတာတွေရှိတယ်။ ဒီလိုမျိုး ဒုတိယဗိုလ်မှူးကြီးအဆင့်တွေ ဖြစ်လာတဲ့အခါမှာ ဒီလိုပဲ ဒုတိယဗိုလ်မှူးကြီးအဆင့်တွေ၊ သူ့အောက်က အဆင့်တွေက ဒီထက်ပိုပြီးထပ်ပြီးထွက်လာဖို့အတွက် တွန်းအားတစ်ခုပါပဲ”ဟု ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ကိုညီသုတက ပြောသည်။

Public Service Announcement

Public Service Announcement

တပ်တွင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီအပေါ် မယုံကြည်မှုများ ပိုမိုများပြားလာပြီး ရှေ့တန်းစခန်းများတွင်လည်း စွန့် ခွာလိုသူများ ရှိနေ သည်ဟု ဆိုသည်။

“အခု ဒုတိယဗိုလ်မှူးကြီးအဆင့်တွေတောင်ထွက်လာကြပြီပဲဗျာ။ အောက်မှာရှိနေတဲ့ စီနီယာ၊ ဂျူနီယာတွေကတော့ လုပ်သင့်နေပြီ။ သူတို့လည်းသိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်၊ အခက်အခဲတွေကြောင့် မလုပ်နိုင်တာရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေတောင် လုပ်နေပြီဆိုတော့ ကိုယ်ကရာထူးလည်းငယ်တယ်။ ကိုယ်က အခိုင်းခံဘ၀နဲ့ ၊ ထိုးကျွေးခံဘ၀နဲ့ ဆက်နေမလားဆိုတာ ဆုံးဖြတ်ကြပေါ့” ဟု ကိုညီသုတက တိုက်တွန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင်များအကျိုးစီးပွားအတွက် ကိုယ့်ပြည်သူကိုယ်ပြန်လည်သတ်ဖြတ်သော အလုပ်ကို ဆက်လက်လုပ်ဆောင်မည့်အစား ပြည်သူလူထုဘက်ကို ရဲဝံ့စွာကူးပြောင်းရပ်တည်ရန် တိုက်တွန်းထားသည်။

လက်ရှိတော်လှန်ရေးအခြေအနေသည် စစ်ရေးအဆုံး အဖြတ်ဖြင့် ဆက်သွားရမည်ဖြစ်၍ မြေပြင်တွင်တော်လှန် ရေးအဖွဲ့ဝင်များက အသက်ပေးကာ နေ့မအား၊ ညမနားတောင့်ခံထားသည့်နည်းတူ ပြည်သူလူထုကလည်း ဆက်လက်ပံ့ပိုးမှုများ၊ လုပ်နိုင်သမျှသော ကူညီမှုများ ဆက်လက်လုပ်ဆောင်ရန် ကိုညီသုတက တောင်းဆိုသည်။

အကြမ်းဖက်စစ်​ကောင်စီကိုစွန့်ခွာ၍ ပြည်သူနှင့်ပူး​ပေါင်းလာ​​သောတပ်မ​တော်သားနှင့် ရဲတပ်ဖွဲ့ဝင် တစ်​သောင်းခွဲဝန်းကျင်ရှိလာပြီဖြစ်​ကြောင်း CDM တပ်မ​တော်သားနှင့်ရဲများကို ကူညီ​ပေး​နေ​​သောအဖွဲ့များထံမှ သိ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။