Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ AGDဘဏ်ခွဲတစ်ခုကို ဖောက်ခွဲတိုက်ခိုက်

ယင်းဖောက်ခွဲမှုကို နိုဝင်ဘာ ၄ ရက် နေ့လယ်၂ နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Brave Eagles အဖွဲ့နှင့် Dark Shadow အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ AGDဘဏ်ခွဲတစ်ခုကို ဖောက်ခွဲတိုက်ခိုက်
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ AGDဘဏ်ခွဲတစ်ခုကို ဖောက်ခွဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့် အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်(AGD) ၏ ဦးချစ်မောင်လမ်းဘဏ်ခွဲကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းDark Shadow အဖွဲ့နှင့် Brave Eagles အဖွဲ့တို့က သတင်းထုတ်ပြန်သည်။

ယင်းဖောက်ခွဲမှုကို နိုဝင်ဘာ ၄ ရက် နေ့လယ်၂ နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Brave Eagles အဖွဲ့နှင့် Dark Shadow အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“AGD Bankသည် ခရိုနီတေဇပိုင် Htoo Groupရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး စကစရဲ့ အဓိက စီးပွားရေးထောက်တိုင်တစ်ခုအဖြစ် အခိုင်မာရပ်တည်နေခြင်းကို သက်သေစုံစွာဖြင့် ကျွန်ုပ်တို့မဟာမိတ်ညီနောင်များမှ စစ်ဆေးတွေ့ရှိရသောကြောင့် စီးပွားရေးပစ်မှတ်အဖြစ် ဒဏ်ခတ်အရေးယူပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ AGDဘဏ်ခွဲတစ်ခုကို ဖောက်ခွဲတိုက်ခိုက်
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ AGDဘဏ်ခွဲတစ်ခုကို ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်မှုကြောင့် ဘဏ်အဆောက်အဦး မျက်နှာစာပိုင်း ၊ ဘဏ်ကား ၊ မီးစက်များ ပျက်စီးမှူ‌ရှိသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“နေ့လယ်က ကျွန်တော်တို့ ဗဟန်းဖက်မှာ ပေါက်ကွဲသံ တစ်ချက် ကြားလိုက်ရတယ်။ အသံက တော်တော်ကျယ်တယ်။ နောက်မှ AGD Bank ရှေ့မှာ ဗုံးပေါက်မှန်း သိတာပါ။ ဘဏ်ရှေ့က မီးစက်နဲ့ ကားအချို့ ထိခိုက်သွားတယ်လို့ သိရတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့တော့ ကြားပါတယ် ” ဟု ဗဟန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

Mission ပြုလုပ်ရာတွင် ပြည်သူများမထိ့​စေရန် အထူးဂရုပြုခဲ့ပြီး ၊ရဲ​ဘော်များအားလုံး​ဘေးကင်းရာ​ရောက်ပြီဖြစ်​ကြောင်းDark Shadow အဖွဲ့မှ တာဝန်ရှိသူက ​ပြောသည်။

“UG တွေကိုထောက်ပံ့ကြ။ တော်လှန်ရေးကိုဆက်လက်သယ်​ဆောင်ကြပါ။ ပြည်သူတွေအနေနဲ့လည်း.စကစဒေါက်တိုင်တွေနဲ့ ​ဝေးဝေးမှရှောင်ရှားသွားလာဂရုစိုက်ဖို့လေးနဲ့၊ နောက်ကွယ်ကနေ လုံခြုံရေးဂရုစိုက်ပြီး ထောကိပံ့ပါ။ ကူညီပါ တော်လှန်ရေးကို ကျွန်တော်တို့ရဲဘော်တွေနဲ့အတူတူပူးပေါင်းပါဝင်ပေးကျပါ။ပြည်သူတွေအနေနဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး အားတင်းထားပေးကြပါ”ဟုDark Shadow အဖွဲ့မှ တာဝန်ရှိသူက​ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗဟန်းမြို့နယ် ဦးချစ်မောင်အိမ်ရာအနီး၊ အရှေ့မြင်းပြိုင်ကွင်းနှင့် မြောက်ပြိုင်ကွင်းလမ်းဆုံအနီးတို့တွင် လမ်းသွားလမ်းလာ ကားများအား စစ်ကောင်စီဝင်များနှင့် ယာဥ်ထိန်းရဲများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။