Connect with us

Hi, what are you looking for?

News

ယောဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

လုပ်ငန်း တာဝန်သက်တမ်းကာလသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သက်တမ်းကာလအထိသာဖြစ်ဟု ရှင်းပြထားသည်။

(​ဆော​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်)

ယောဒေသ ၊ဆောမြို့နယ်အတွင်း တိုက်နယ်သုံးခုတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

ဆောမြို့နယ်အတွင်း ဆောတိုက်နယ်၊ကျောက်ထုတိုက်နယ်နှင့် လောင်းရှည်တိုက်နယ် အုပ်ချုပ်ရေးအဖွဲ့တို့အား တိုးချဲ့ဖွဲ့စည်းကြောင်း ယနေ့(ဖေဖော်ဝါရီ ၂၈ရက်)တွင် သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ စနစ်တကျဖြင့် ပိုမိုထိရောက် မြန်ဆန်စွာလုပ်ကိုင်နိုင်ရေး၊အများပူးပေါင်းပါဝင်မှုအား ကိုယ်စားပြုသူများဖြင့် ဖြန့်ကျက်အုပ်ချုပ်မှုစနစ်ဖြစ်ပေါ် ရေးတို့အတွက် ယင်းကဲ့သို့တိုးချဲ့ဖွဲ့စည်းခြင်းဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

တိုက်နယ်အလိုက်အုပ်ချုပ်ရေးအဖွဲ့များတွင်အုပ်ချုပ်ရေးတာဝန်ခံ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ခံ၊ ပြည်သူ့လုံခြုံရေး(ပလဖ)တာဝန်ခံ၊လူမှုကယ်ဆယ်ရေးတာဝန်ခံ၊ ကျန်းမာရေးတာဝန်ခံနှင့်ပညာရေးတာဝန်ခံတို့ အဓိကပါဝင် ဖွဲ့စည်းထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မြို့နယ်တာဝန်ခံများ၊တိုက်နယ်တာဝန်ခံနှင့် ကျေးရွာတာဝန်ခံများ၏ လုပ်ငန်း တာဝန်သက်တမ်းကာလသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သက်တမ်းကာလအထိသာဖြစ်ဟု ရှင်းပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။

သတင်း

စစ်​ကောင်စီက ယောဒေသတွင် စိုးမိုးနိုင်ရေးအတွက် လေကြောင်းကိုသုံး၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်နှင့် လုံခြုံရေးအန္တရာယ်သတိပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကသတိပေးသည်။

သတင်း

ပြည်သူများလေကြောင်းရန် အလေးထားပြင်ဆင်ကြရန် YDF တိုက်တွန်း