Connect with us

Hi, what are you looking for?

LuduNwayOo

News

ယောဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

လုပ်ငန်း တာဝန်သက်တမ်းကာလသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သက်တမ်းကာလအထိသာဖြစ်ဟု ရှင်းပြထားသည်။

(​ဆော​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်)

ယောဒေသ ၊ဆောမြို့နယ်အတွင်း တိုက်နယ်သုံးခုတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

ဆောမြို့နယ်အတွင်း ဆောတိုက်နယ်၊ကျောက်ထုတိုက်နယ်နှင့် လောင်းရှည်တိုက်နယ် အုပ်ချုပ်ရေးအဖွဲ့တို့အား တိုးချဲ့ဖွဲ့စည်းကြောင်း ယနေ့(ဖေဖော်ဝါရီ ၂၈ရက်)တွင် သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ စနစ်တကျဖြင့် ပိုမိုထိရောက် မြန်ဆန်စွာလုပ်ကိုင်နိုင်ရေး၊အများပူးပေါင်းပါဝင်မှုအား ကိုယ်စားပြုသူများဖြင့် ဖြန့်ကျက်အုပ်ချုပ်မှုစနစ်ဖြစ်ပေါ် ရေးတို့အတွက် ယင်းကဲ့သို့တိုးချဲ့ဖွဲ့စည်းခြင်းဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

တိုက်နယ်အလိုက်အုပ်ချုပ်ရေးအဖွဲ့များတွင်အုပ်ချုပ်ရေးတာဝန်ခံ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ခံ၊ ပြည်သူ့လုံခြုံရေး(ပလဖ)တာဝန်ခံ၊လူမှုကယ်ဆယ်ရေးတာဝန်ခံ၊ ကျန်းမာရေးတာဝန်ခံနှင့်ပညာရေးတာဝန်ခံတို့ အဓိကပါဝင် ဖွဲ့စည်းထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မြို့နယ်တာဝန်ခံများ၊တိုက်နယ်တာဝန်ခံနှင့် ကျေးရွာတာဝန်ခံများ၏ လုပ်ငန်း တာဝန်သက်တမ်းကာလသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သက်တမ်းကာလအထိသာဖြစ်ဟု ရှင်းပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင်အဆိုပါ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေအိမ်သို့ကျေးရွာ ပအဖ၊ ပကဖများ၏ ခွင့်ပြုချက်မရရှိဘဲ မည်သူမှ ဝင်ထွက်သွားလာခြင်း မလုပ်ကြရန် ကျေးရွာတွင်း သတိပေးထားပြီး မလိုက်နာပါက အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။

သတင်း

ဝမ်းတွင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်အုပ်ကို လက်နက်ဖြင့်ပါ တော်လှန်ခုခံတိုက်ခိုက်နေသည်။

သတင်း

The Youth Force (Saw&Kyaukhtu)၏ တပ်ဖွဲ့ဝင် များအားလုံး တွေ့ဆုံပွဲကို ယနေ့(ဒီဇင်ဘာလ ၂၅ရက်) ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)အနေဖြင့် ၎င်းပူးပေါင်းမှုအားဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပိုမိုထိရောက်စွာ စွမ်းဆောင်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဟု ကတိပြုသည်။