Connect with us

Hi, what are you looking for?

News

အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီထောက်ပို့ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ

“ဖြစ်တဲ့နေရာက တံတားဦးမြို့နယ်ထဲမှာပါတယ်ခင်ဗျ။ခေါင်းခန်းထဲက သုံးဦးထိတယ်။အနောက်ခန်းကတော့အလုံပိတ်ဆို တော့မသိရပါဘူး”ဟု ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့(K.D.D.F)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မန္တလေးမြို့အနီး ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)က သတင်းထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်)နံနက် ၁၁နာရီ ၅၀မိနစ်အချိန်က ရန်ကုန်-မန္တလေး(အမြန်လမ်း) အတိုင်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ် တစ်စီးသည် မန္တလေးသို့ဦးတည် မောင်းနှင်သွားကြောင်း သတင်းရရှိ သောကြောင့် အမြန်လမ်းမိုင်တိုင် ၃၃၃၊ ၁ဖာလုံအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က အသိပေးသည်။

“ဖြစ်တဲ့နေရာက တံတားဦးမြို့နယ်ထဲမှာပါတယ်ခင်ဗျ။ခေါင်းခန်းထဲက သုံးဦးထိတယ်။အနောက်ခန်းကတော့အလုံပိတ်ဆို တော့မသိရပါဘူး”ဟု ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့(K.D.D.F)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရသည့်မိုင်တိုင်ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်း များတင်ဆောင်လာသည့်ထောက်ပို့ကားများ မကြာခဏ ဖြတ်သန်းသွားလာနေပြီး တံတားဦးလေဆိပ်မှတစ်ဆင့်သယ်ယူနေသည် ဟုယူဆရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဖေဖော်ဝါရီ၂ ရက် နေ့လယ်ပိုင်းနှင့်ညနေပိုင်းအချိန်များက ရန်ကုန်- မန္တလေး အမြန်လမ်းအတိုင်း မန္တလေးသို့ ဦးတည်မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားများအား အမြန်လမ်း မိုင်တိုင်၃၄၂ ဂုဏ်တောရိုးတံတားပေါ်အရောက်တွင် ကျောက်ဆည်ခရိုင်ကာကွယ်ရေး တပ်ဖွဲ့(K.D.D.F)မှ မိုင်းများခွဲကာ ခုခံတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။