Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ဗိဿနိုးPDFတစ်ဦးကို ဖမ်းဆီးပြီး​နောက် ၎င်း၏ မိသားစုဝင်များကိုပါ ဓားစာခံအဖြစ်ဖမ်း၍ ဖုန်းအတွင်း တည်​နေရာပြထည့်၍ သူလျှိုလုပ်ခိုင်းမှုစစ်​ဆေး​ပေါ်​ပေါက်

တပ်ဖွဲ့ဝင်ရဲဘော် “အက်ဆစ်”သည် တာဝန်အရ နယ်မြေပြင်ပသို့ ထွက်ခွာသွားပြီးပြန်လည် ရောက်ရှိလာချိန်တွင် ၎င်းကို မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာ ဖုန်းအတွင်း၌ စစ်ကောင်စီက ထည့်သွင်းထားသည့် တည်​နေရာပြ Software (Zenly) အား တွေ့ရှိခဲ့ရသည်။

People's Spring
People's Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကို ဖမ်းဆီးပြီးနောက် ဖုန်းအတွင်း တည်နေရာပြ Software တစ်ခုကို ထည့်သွင်းကာ ၎င်းတို့ သူလျှိုအဖြစ် အကြမ်းဖက်စစ်ကောင်စီ၏ ကြိုးပမ်းမှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်က အသိ​ပေး ထုတ်ပြန်သည်။

တပ်ဖွဲ့ဝင်ရဲဘော် “အက်ဆစ်”သည် တာဝန်အရ နယ်မြေပြင်ပသို့ ထွက်ခွာသွားပြီးပြန်လည် ရောက်ရှိလာချိန်တွင် ၎င်းကို မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာ ဖုန်းအတွင်း၌ စစ်ကောင်စီက ထည့်သွင်းထားသည့် တည်​နေရာပြ Software (Zenly) အား တွေ့ရှိခဲ့ရသည်။

ထို့နောက် ရဲဘော် အက်ဆစ်အား စစ်ဆေးမေးမြန်းသည့်အခါ ၎င်းအား ဇန်နဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ-ထောက်လှမ်းရေးတပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ စစ်ကြောရေးသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ပြစ်မှုကျူးလွန်ထားခြင်း မရှိသည့် ၎င်း၏ မိသားစုဝင်များအား အကြမ်းဖက်စစ် ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးပြီးအဖွဲ့ ဝင်များ၊ အခြားသူများနှင့် ဆက်သွယ်ပြောဆိုနေမှုများကို စောင့်ကြည့်နေခဲ့ကြောင်း ကိုယ်တိုင်ဖွင့်ဟဝန်ခံခဲ့သည်ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်က အသိပေးသည်။

Public Service Announcement

Public Service Announcement

ရဲဘော် အက်ဆစ်၏ Telegram ကို စစ်ဆေးခဲ့ရာတွင်လည်း စစ်ကောင်စီထောက်လှမ်းရေးအဖွဲ့ဝင်များနှင့် အပြန်အလှန် ပြောဆိုထားသော စာများလည်း တွေ့ရှိရပြီး စစ်​ကောင်စီမှ ၎င်း၏ Email ၊ Facebook ၊ Telegram ၊ Signal ၊ Viber အကောင့်များအားလည်း ထိန်းသိမ်းရယူထားကြောင်း ၎င်းကိုယ်တိုင် ဖွင့်ဟဝန်ခံခဲ့သည်။

စစ်ကြောရေးစခန်း၌ ရဲဘော် အက်ဆစ်၏ မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းကာ ၎င်း၏ ဖုန်းအတွင်း၌ တည်​နေရာပြ Application ထည့်ပေးခဲ့ခြင်းဖြစ်သည်။

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ဖွဲ့ဝင်များ တည်ရှိသည့်နေရာနှင့် စစ်ရေးပြင်ဆင်မှုများကို သတင်းပို့ရန် စစ်​ကောင်စီမှ သူလျှိုအဖြစ် ဖိအားပေးစေခိုင်းခဲ့ကာ ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ပြန်လွှတ်ခဲ့သည်။

အပြစ်မရှိဘဲ မတရားဖမ်းဆီး ထိန်းသိမ်းထားသော ရဲဘော် `အက်ဆစ်´ (ခ) ကိုအောင်ဟိန်းဖြိုး၏ မိခင် ဒေါ်ဝင်းဝင်းမော် (ခ) ဒေါ်မော်တူး၊ သား- မောင်ရှင်းသန့်ကိုကို (အသက်- ၁၅နှစ်) နှင့် သား-မောင်ရှိုင်းဘုန်းမော် (အသက်-၁၃နှစ်) တို့အား ချက်ချင်းပြန်လွှတ်ပေးရန်နှင့် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက စစ်​ကောင်စီမှ အပြည့်အဝတာဝန်ယူရမည်ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်က သတိပေးသည်။

မိသားစု၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက် သူလျိုအဖြစ် ဖိအားပေး စေခိုင်းခြင်းခံရသည့် ညီနောင်ရဲဘော်အက်ဆစ်အား လူ့အခွင့်အရေးနှင့်အညီ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီး ဖြစ်ပါ၍ ၎င်းနှင့် မိမိတို့ တပ်ဖွဲ့ဝင်များ ၏ လုံခြုံရေးအရ လွတ်မြောက်နယ်မြေရှိ ERO အဖွဲ့တစ်ခုထံသို့ ပို့ဆောင်ကာ ထိန်းသိမ်းထားကြောင်း သိရသည်။

ထို့ကြောင့် ရဲဘော်အက်ဆစ်ဖြင့် ဆက်နွယ်ပတ်သတ်သူများအနေဖြင့် အမြန်ဆုံး ရှောင်ရှားကြားရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်က တိုက်တွန်းသည်။

အကြမ်းဖက် စစ်ကောင်စီက အလားတူဖြစ်စဉ်များ စနစ်တကျ လုပ်ဆောင်၍ ကာကွယ်ရေးတပ်ဖွဲ့များအား အလွယ်တကူ ဖြိုဖျက်နိုင်ရေး ဆောင်ရွက်လာမှု ရှိနိုင်ခြင်းကြောင့် နိုင်ငံတစ်ဝှမ်းရှိ ညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် အထူးသတိထားရန် ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။