Connect with us

Hi, what are you looking for?

News

ပု​လောမြို့နယ်တွင် စစ်​ကောင်စီ/ပျူများနှင့် PDF များတိုက်ပွဲဖြစ် ပျူနှင့်စစ်သားအချို့ ဒဏ်ရာရ

“ရွာထဲမှာရှိတဲ့ ပသစ (ပြည်သူစစ်) တွေထွက်လာအောင်အသံမိုင်းပေးလိုက်တာ။ပသစ တွေမိုင်းအသံကြားပြီးထွက်လာမှ အပြန်လှန်ပစ်ခတ်မှုဖြစ်တာပါ”ဟု PPDF ပြန်ကြားရေးတာဝန်ခံကတိုက်ပွဲ ဖြစ်ပွားပုံကိုပြောသည်။

(ပု​လောမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- PPDF)

တနသာ်ရီတိုင်း၊ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်/ပျူ​စောထီးတို့ကြား နှစ်နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ/ပျူ​စောထီးများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပုလောမြို့နယ်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)မှပြန်ကြားရေးတာဝန်ခံကပြောသည်။

ယနေ့(မတ်-၁ရက်) မနက် ၇နာရီမှ ၉နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံပျူစောထီးများကို ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ ဒေသခံပုလောကာကွယ်ရေးအဖွဲ့(PRDF) တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွာထဲမှာရှိတဲ့ ပသစ (ပြည်သူစစ်) တွေထွက်လာအောင်အသံမိုင်းပေးလိုက်တာ။ပသစ တွေမိုင်းအသံကြားပြီးထွက်လာမှ အပြန်လှန်ပစ်ခတ်မှုဖြစ်တာပါ”ဟု PPDF ပြန်ကြားရေးတာဝန်ခံကတိုက်ပွဲ ဖြစ်ပွားပုံကိုပြောသည်။

ပြည်သူ့စစ်​ခေါ် ပျူ​စောထီးများနှင့်တိုက်ပွဲဖြစ်ပွားနေချိန်တွင် ပလောင်တပ်နယ်မှ အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၃၀ခန့်က အရပ်ဝတ်ဖြင့် အိမ်စီးကားစီးကာ စစ်ကူရောက်လာသည်ဟု PPDFကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲက ၂ခါဖြစ်တာ။ ပထမ အကြိမ်က ပျူစောထီးတွေနဲ့ အရင်တိုက်ပွဲဖြစ်တာ။ ဖြစ်နေတဲ့အချိန်မှာ စကစဘက်ကနေပြီးတော့ စစ်ကူလာတာ။ လာတဲ့စစ်ကူနဲ့ တိုက်ပွဲထပ်ဖြစ်တာပေါ့” ဟု ပုလော PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲတွင် ပျူ​စောထီးနှင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဖက်မှ အထိအခိုက်မရှိခဲ့ကြောင်းလည်း ၎င်းကဆက်​ပြောသည်။

တိုက်ပွဲမှာထမင်းမစားကျေးရွာရှိ စာသင်ကျောင်းအနီးတဝှိုက်တွင်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခံသံများလည်းကြားရသည်ဟု ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။