Connect with us

Hi, what are you looking for?

News

PDF/UG အဖွဲ့ ၁၂ဖွဲ့ကို ကျပ်သိန်း ၂၀ စီထောက်ပံ့ကူညီမည်ဟု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ထုတ်ပြန်

စစ်အာဏာသိမ်းမှု့ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ် ရေးအတွက် တောင်ကိုရီးယားရောက် မြန်မာပြည်သူ၊ ပြည်သူများ၏ ချွေးနှဲစာဝင်ငွေများကို လစဉ်စုဆောင်းကာ တော်လှန်ရေးတွင် တတပ်တအားပါဝင်နေခြင်းဖြစ် သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် ပြည်တွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF/UG အဖွဲ့ ၁၂ ဖွဲ့ကို ကျပ်သိန်း ၂၀စီ ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း မတ်လ ၁ရက်တွင် သတင်းထုတ်ပြန် သည်။

ပြည်တွင်းရှိ PDF/UG အဖွဲ့များထံမှ ထောက်ပံ့ငွေတောင်းခံလွှာ ၁၅စောင် လက်ခံရရှိခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံ/ဘဏ္ဍာဝန်ကြီးဌာနများကို စိစစ်ရန် တင်ပြပြီးနောက် အချက်အလက်ပြည့်စုံသည့် အဖွဲ့ ၁၂ ဖွဲ့ကို ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က အသိပေးသည်။

အဆိုပါ အဖွဲ့ ၁၂ ဖွဲ့မှာ People’s Defense Force DaLa(ဒလမြို့နယ်)၊ မင်းကင်းမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်(MKPDF)၊ Kani People Defense Force-1(ကနီမြို့နယ်)၊ ဗမာပြည်သူ့လွတ်လပ်ရေးတပ်မတော်(BPLA)၊ ဗမာ့ဇာမဏီအဖွဲ့ ဗဟိုဌာနချုပ်၊ People Defense Force NTI (နွားထိုးကြီးမြို့နယ်)၊ ဆရာစံYMB PDF(ယင်းမာပင်မြို့နယ်)၊ ကျော်(KYAW -UGW) (ဂန့်ဂေါမြို့နယ်)၊ ဗန်းမော် ပြည်သူ့ကာကွယ်ရေးတပ် Bhomo PDF (Kachin Region)၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်မြို့နယ်)၊ Chaung U Revolution Army (C.R.A)(ချောင်းဦးမြို့နယ်)၊ L.W.G.R.F (ခင်ဦးမြို့နယ်) တို့ဖြစ်သည်။

စစ်အာဏာသိမ်းမှု့ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ် ရေးအတွက် တောင်ကိုရီးယားရောက် မြန်မာပြည်သူ၊ ပြည်သူများ၏ ချွေးနှဲစာဝင်ငွေများကို လစဉ်စုဆောင်းကာ တော်လှန်ရေးတွင် တတပ်တအားပါဝင်နေခြင်းဖြစ် သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့