Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲနယ်တွင် ပျူအ​ခြေစိုက်စခန်းကို ဗိုလ်ပုလဲ​နှင့် ဗိုလ်နဂါးဦး​ဆောင်​သောတပ်ဖွဲ့များ ဝင်တိုက်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်၌ ၎င်း၏ အမာခံ နယ်မြေများကို ဖန်တီးကာ ဇန်နဝါရီ တတိယပတ်ကစ၍ ပျူစောထီးသင် တန်းပေးနေခြင်း ဖြစ်သည်။

▪️စစ်​ကောင်စီတပ် အထိနာ၍ ​လေယာဥ်ပစ်ပါ​ခေါ်သုံးခဲ့ရဟု ဗိုလ်ပုလဲ​ပြော

စစ်ကိုင်းတိုင်း ပုလဲမြို့ရှိ ပျူစောထီးအခြေစိုက်စခန်းကို ဝင်​ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ် အထိနာ၍ လေယာဥ်ပစ်ကူများခေါ်ခဲ့ရသည်ဟု ပုလဲ Jokers PDF ဦးဆောင်သူ ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် စုစုပေါင်းအင်အား ၅၀ခန့်ရှိသည့် ဇီးဖြူကုန်းရွာကို ယမန်နေ့(မတ်လ ၃ ရက်) ည ၆နာရီကျော်ကစ၍ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အရင်က အကြိမ်ကြိမ်တိုက်တယ် ။ဒီလောက်ထိ ဝင်မစီးနိုင်ခဲ့ဘူး။ ဗိုလ်နဂါးဦးဆောင်တဲ့ အဖွဲ့တွေလည်းပါတယ်။ စစ်ခွေးတပ်ဘက်က အရမ်းအထိနာလာတော့ ညဘက်ကြီး Mi35 ပါလာကူရတာ။ ကျွန်တော် တို့ကတော့ ပုလဲမှာ ပျူစောထီးနဲ့ စစ်ခွေးတပ်လုံးဝ တပ်စွဲမရအောင် တိုက်သွားမယ်”ဟု ဗိုလ်ပုလဲက ရှင်းပြ သည်။

Public Service Announcement

Public Service Announcement

၄နာရီကျော်ကြာတိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသေဆုံးမှုရှိ​သော်လည်း အတည်မပြုနိုင်သေးဟု ​ပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဇီးဖြူကုန်း(ပျူစောထီး အခြေစိုက်ရွာ)ကို ပုလဲ အခြေစိုက်ပြည်သူ့ကာ ကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်၌ ၎င်း၏ အမာခံ နယ်မြေများကို ဖန်တီးကာ ဇန်နဝါရီ တတိယပတ်ကစ၍ ပျူစောထီးသင် တန်းပေးနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။