Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် ပျူအ​ခြေစိုက်စခန်းကို ဗိုလ်ပုလဲ​နှင့် ဗိုလ်နဂါးဦး​ဆောင်​သောတပ်ဖွဲ့များ ဝင်တိုက်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်၌ ၎င်း၏ အမာခံ နယ်မြေများကို ဖန်တီးကာ ဇန်နဝါရီ တတိယပတ်ကစ၍ ပျူစောထီးသင် တန်းပေးနေခြင်း ဖြစ်သည်။

▪️စစ်​ကောင်စီတပ် အထိနာ၍ ​လေယာဥ်ပစ်ပါ​ခေါ်သုံးခဲ့ရဟု ဗိုလ်ပုလဲ​ပြော

စစ်ကိုင်းတိုင်း ပုလဲမြို့ရှိ ပျူစောထီးအခြေစိုက်စခန်းကို ဝင်​ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ် အထိနာ၍ လေယာဥ်ပစ်ကူများခေါ်ခဲ့ရသည်ဟု ပုလဲ Jokers PDF ဦးဆောင်သူ ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် စုစုပေါင်းအင်အား ၅၀ခန့်ရှိသည့် ဇီးဖြူကုန်းရွာကို ယမန်နေ့(မတ်လ ၃ ရက်) ည ၆နာရီကျော်ကစ၍ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အရင်က အကြိမ်ကြိမ်တိုက်တယ် ။ဒီလောက်ထိ ဝင်မစီးနိုင်ခဲ့ဘူး။ ဗိုလ်နဂါးဦးဆောင်တဲ့ အဖွဲ့တွေလည်းပါတယ်။ စစ်ခွေးတပ်ဘက်က အရမ်းအထိနာလာတော့ ညဘက်ကြီး Mi35 ပါလာကူရတာ။ ကျွန်တော် တို့ကတော့ ပုလဲမှာ ပျူစောထီးနဲ့ စစ်ခွေးတပ်လုံးဝ တပ်စွဲမရအောင် တိုက်သွားမယ်”ဟု ဗိုလ်ပုလဲက ရှင်းပြ သည်။

Public Service Announcement

Public Service Announcement

၄နာရီကျော်ကြာတိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသေဆုံးမှုရှိ​သော်လည်း အတည်မပြုနိုင်သေးဟု ​ပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဇီးဖြူကုန်း(ပျူစောထီး အခြေစိုက်ရွာ)ကို ပုလဲ အခြေစိုက်ပြည်သူ့ကာ ကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်၌ ၎င်း၏ အမာခံ နယ်မြေများကို ဖန်တီးကာ ဇန်နဝါရီ တတိယပတ်ကစ၍ ပျူစောထီးသင် တန်းပေးနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook