Connect with us

Hi, what are you looking for?

News

မီတာခကောက်​​နေသော ပခုက္ကူ လျှပ်စစ်ရုံးကို ​ဒေသခံ PDF ကလက်ပစ်ဗုံးဖြင့်ပစ်၍သတိပေး

ယမန်နှစ်ကငြိမ်းချမ်းစွာကျဆုံးခဲ့ကြသော ကဗျာဆရာကေဇ၀င်းနှင့်တကွ အခြားသော တော်လှန်ရေး ရဲဘော်များ အားလုံးအား အစဉ်တစိုက် လေးစားအောက်မေ့လျက်ရှိပါကြောင်း Defense Team Pakokkuက အသိပေးသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် မီတာခများအတင်းအကျပ်ကောက်ခံနေသည့် မြို့နယ်လျှပ်စစ်ရုံးအား လက်ပစ်ဗုံးဖြင့် သတိပေးပစ်ခတ်ခဲ့ကြောင်း Defense Team Pakokku
က သတင်းထုတ်ပြန်သည်။

ယခင်နှစ် မတ်လ(၃)ရက်နေ့တွင်ငြိမ်းချမ်းစွာဆန္ဒပြ‌ နေစဉ် အကြမ်းဖက်စစ်တပ်၏ လက်ချက်ဖြင့် ကျဆုံးခဲ့သော ကဗျာဆရာကေဇ၀င်းအား အောက်မေ့သောအားဖြင့်ပြုလုပ်သော “ကေဇ၀င်းစစ်‌ဆင်ရေး” ပထမအဆင့်အနေဖြင့် PPDFမြို့ပြတိုက်ခိုက်ရေးအဖွဲ့ Defense Team Pakokku မှ ရဲဘော်များသည် စစ်ကောင်စီ ထောက်တိုင်ဌာန တစ်ခုဖြစ်သော ပခုက္ကူမြို့နယ်လျှပ်စစ်ရုံးအား ယမန်နေ့ဘယ ညနေ၆: နာရီ ခွဲခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Defense Team Pakokkuက အသိပေးသည်။

Non-CDM လျှပ်စစ်၀န်ထမ်းများသည် လျှပ်စစ်မီတာခများမြို့တွင်း၌ လိုက်လံကောက်ခံလျက်ရှိသည်ကို စိစစ် ကြားသိရသဖြင့် ယခု “ကေဇ၀င်းစစ်ဆင်ရေး ပထမအဆင့်” အဖြစ် ဒုတိယအကြိမ် သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ဆောင်ရွက်မည်ဆိုပါက PPDFအနေဖြင့်မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ မျက်နှာကိုမျှ ထောက် ထား နေမည် မဟုတ်ဘဲ ပြတ်သားစွာဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း Defense Team Pakokkuကသတိပေးသည်။

“EPCကိုခြောက်လှန့်ရခြင်းကတော့ မီတာခစာရွက်များလိုက်လံဝေပြီး မီတာခတွေတိုးကောက်ခံခြင်းကိုရပ်တန့်စေလိုခြင်းဖြစ်ပါတယ်။ ယခုချိန်အထိပြည်သူဟူ၍ သက်မှတ်ထားသောကြောင့် ရုံးဆင်းချိန် လူမရှိတဲ့အချိန်လောက်ကို ရွေးပြီး Missionကိုဆွဲခဲ့ရခြင်းဖြစ်ပါတယ်။ လက်နက်မရှိသူကိုနိုင်ထက်စီးနင်းမပြုလိုခြင်းကြောင့်ဖြစ်ပါတယ်။ ပြည်သူတွေကိုတော့ တခုခုဆို ကျတော်တို့UGအဖွဲ့ များကိုလာပြောပေးပါ။ ပြည်သူနဲ့အတူတစ်သားတည်းရှိနေပါတယ်လို့။ စခ/ရခနဲ့ပတ်သက်ပြီး ရေငုံ နူတ်ပိတ်နေခြင်းက သူတို့ကိုထောက်ခံနေတာနဲ့တူတူပါပဲ။”ဟု Defense Team Pakokku အဖွဲ့ တာဝန်ရှိသူက လူထု​နွေဦးသတင်းဌာနသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နှစ်ကငြိမ်းချမ်းစွာကျဆုံးခဲ့ကြသော ကဗျာဆရာကေဇ၀င်းနှင့်တကွ အခြားသော တော်လှန်ရေး ရဲဘော်များ အားလုံးအား အစဉ်တစိုက် လေးစားအောက်မေ့လျက်ရှိပါကြောင်း Defense Team Pakokkuက အသိပေးသည်။

ယမန်​နေ့ ည၈နာရီခွဲခန့်ကလည်း ပခုက္ကူမြို့မရဲစခန်းနှင့် ဘုရားကြီးလမ်းဆုံ မီးသတ်ရုံအနီးတစ်ဝိုက် အပြန်အလှန် ပစ်ခတ်မှုတစ်ချို့ဖြစ်ပေါ်ခဲ့ပြီး အကြောင်းစုံကိုမသိရသေးကြောင်း ပခုက္ကူ ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။