Connect with us

Hi, what are you looking for?

News

မူဆယ်တွင်ပြည်သူစစ်အိမ်တစ်အိမ်​သေနတ်ဖြင့်အပစ်ခံရပြီးပြည်သူ့စစ် ၂ ဦး​​သေ

“အဲ့ဒီအိမ်မှာ အလှူလား မဂ်လာဆောင်လားမသိဘူး။ ပွဲရှိတယ်။ နေ့လယ် တစ်နာရီလောက်က ဝင်ပစ်သွားတာ။ ပစ်သွားတဲ့သူတွေ လွတ်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

(မူဆယ်မြို့လယ်တစ်​နေရာ ။ဓါတ်ပုံ-CJ)

မူဆယ်မြို့ပေါ် ရပ်ကွက်တစ်ခုတွင် စစ်​ကောင်စီလက်​အောက်ခံ ပြည်သူ့စစ်အိမ်တစ်အိမ် တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်နှစ်ဦးသေဆုံးသွားခဲ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

မူဆယ်မြို့နယ် မြောက်ရပ်ကွက်ရှိ ပြည်သူ့စစ် အိမ်တစ်အိမ်ကို လက်နက်ကိုင်ဆောင်ထားသူ အမျိုးသားအချို့က သေနတ်ဖြင့် လာ​ရောက်၍ ယနေ့ (မတ်လ ၈ရက်) ​နေ့ခင်းပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီအိမ်မှာ အလှူလား မဂ်လာဆောင်လားမသိဘူး။ ပွဲရှိတယ်။ နေ့လယ် တစ်နာရီလောက်က ဝင်ပစ်သွားတာ။ ပစ်သွားတဲ့သူတွေ လွတ်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

တိုက်ခိုက်ခံရသည့် ပြည်သူ့စစ်အဖွဲ့အမည်ကို အတိအကျမသိရ​သေးသလို ​လာ​ရောက်ပစ်ခတ်သွား​သောအဖွဲ့ကိုလည်းမသိ့ရ​သေး​ပေ။ ပြည်သူ့စစ်အဖွဲ့များသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဖြစ်ပြီး မြို့ခံများအပေါ် လူမှုရေး၊စီးပွားရေးအရအနိုင်ကျင့်ခြင်းများရှိနေ၍ ယခုကဲ့သို့ တိုက်ခိုက်ခံရမှုအတွက် ကျေနပ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။