Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ် လက်ပံတောရွာတွင် စစ်ကောင်စီသတ်ဖြတ်ခဲ့သည့် ဒေသခံ၁၁ဦး၏ ရုပ်အလောင်းများတွေ့

စစ်ကောင်စီတပ်များက ယမန်နေ့(မတ်လ ၈ရက်)က ယင်းမာပင်မြို့နယ် စည်လှောင်၊ ကန်သာနှင့် လက်ပံတောကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ပြန်လည်ထွက်ခွာသွားစဉ် မီးရှို့ထားသည့် ဒေသခံများ၏ ရုပ်အလောင်းများကို ယနေ့နံနက်ပိုင်း၌ တွေ့ရှိရခြင်းဖြစ် သည်ဟုဆိုသည်။

▪️ကလေးငယ်နှစ်ဦး၊အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများပါဝင်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်း အပါအဝင် ၎င်းတို့သတ်ဖြတ်ခဲ့သည့် က​လေးငယ်များအပါအဝင်ဒေသခံပြည်သူ ၁၁ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ယင်းမာပင် နယ်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက ယမန်နေ့(မတ်လ ၈ရက်)က ယင်းမာပင်မြို့နယ် စည်လှောင်၊ ကန်သာနှင့် လက်ပံတောကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ပြန်လည်ထွက်ခွာသွားစဉ် မီးရှို့ထားသည့် ဒေသခံများ၏ ရုပ်အလောင်းများကို ယနေ့နံနက်ပိုင်း၌ တွေ့ရှိရခြင်းဖြစ် သည်ဟုဆိုသည်။

“အခြေအနေက ဒီကောင်တွေအခု အနောက်ဘက်ကို ရွှေ့သွားပြီ။ ရွှေ့သွားတဲ့ အချိန် ကျွန်တော်တို့ ဝင်ကပ်တာ။ ကလေးတွေရော အကုန်ရှို့သွားတာတွေ့တယ်။ ကလေးနဲ့ မအေနဲ့ သားအမိနှစ်ယောက် ပါတယ်။ ဒီကလေးလေး ဆို ပေါက်စလေးကွာ။ ကလေးက ၅နှစ်ပါမယ်။ ၉နှစ်ပါမယ်။ သားအမိအတွဲလိုက် အကုန်မီးရှို့ထားခဲ့တာ။ မီးမရှို့ထားခဲ့တာက ဘုန်းကြီးကျောင်းထဲမှာ တစ်လောင်း အမေကြီး အသက် ၆၀ကျော် ၇၀လောက်ရှိတယ်။ အဲဒီ အမေကြီး အလောင်းကလည်း သွေးရိုးသားရိုးမဖြစ်နိုင်ဘူး။ နှာခေါင်းမှာရော ပါးစပ်တွေမှာရော သွေးလျှံကျနေတာ။ စုစုပေါင်း ၁၁လောင်းပေါ့။ လက်ပံတော တစ်ခုတည်းတင်။ ဒါ ကျွန်တော်တို့ရွာ အရှေ့ပိုင်းတွေကို ကြည့်ရအုံးမှာ ဘုရားကုန်းပေါ်တွေရော”ဟု ယင်းမာပင်နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

မီးရှို့ခံထားရသည့် ရုပ်အလောင်းများကို လက်ပံတော ဘုန်းကြီးကျောင်း မြောက်ဘက် ကပ်လျက်နေရာ၌ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းယူထားသော်လည်း အင်တာနက် အပိတ်ခံထားရ၍ ပေးပို့ ဖြန့်​ဝေ ရန် အခက်အခဲရှိကြောင်း ၎င်းက ဆိုသည်။

ကန်သာကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီတပ် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်၍ လက်ပံတောဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်လာသည့် ဒေသခံများ ထိခိုက်သေဆုံးခဲ့ရသည်ဟု မတ်လ ၈ရက်က ပြောကြားထားသည်။

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများ၊ ကျေးရွာများ၊ နေအိမ်များ ၊ ကားနှင့် ဆိုင်ကယ် အပါအဝင် ဒေသခံများ ပိုင်ဆိုင်သည့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။ စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ် မှုများကြောင့် ဒေသခံများလည်း အသက်ဆုံးရှုံးခဲ့ကြရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်