Connect with us

Hi, what are you looking for?

LuduNwayOo

News

ယောဒေသက သုံးရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ဦးထက်မနည်းသေဟု ဆော PDFပြော

PDF-SAWနှင့် မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု တစုံတစ်ရာမရှိခဲ့ဘဲ ထုတ်ပြန်ချက် အသေးစိတ်ကို မကြာမီထပ်မံ ထုတ်ပြန် ပေးသွားမည်ဟု အသိပေးထားသည်။

(​ဆော PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ယောဒေသတွင် မတ်လ၇ရက်မှ မတ်လ ၉ရက်အထိ သုံးရက်ကြာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၂၀ဦးထက် မနည်းသေဆုံးကြောင်း ဆောမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF-SAW)က သတင်းထုတ်ပြန် သည်။

မတ်လ ၇ရက်မှ မတ်လ ၉ရက် နံနက် ၁၁နာရီခန့်အချိန်ထိဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းကို PDF-SAWက ယနေ့ထုတ်ပြန်ခြင်း ဖြစ်သည်။ PDF-SAW နှင့်အတူ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက် ခဲ့သည်ဟုလည်း ပြည်သူလူထုအား အသိပေးထားသည်။

PDF-SAWနှင့် မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု တစုံတစ်ရာမရှိခဲ့ဘဲ ထုတ်ပြန်ချက် အသေးစိတ်ကို မကြာမီထပ်မံ ထုတ်ပြန် ပေးသွားမည်ဟု အသိပေးထားသည်။

ယောဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့သလို ဒေသချင်း ထိစပ်နေသော ကလေးမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။