Connect with us

Hi, what are you looking for?

News

ရွှေဘို၊ ဝက်လက်နယ်တိုက်ပွဲနှစ်ခုတွင် စစ်​ကောင်စီတပ် ၆ဦး​သေ အများအပြားဒဏ်ရာရ

ကြမ်းဖက်စစ်ကောင်စီတပ်သည် ရွှေဘိုခရိုင်အတွင်းတွင်လည်း ကျေးရွာများသို့စစ်ကြောင်းထိုးကာ PDFတပ်ဖွဲ့များအားရှာဖွေနေပြီး ကျေးရွာများကိုမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

(​သေဆုံးခဲ့​သောစစ်​ကောင်စီတပ်သားဝတ်စုံအပိုင်းအစအချို့)

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များတွင်အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ​ခြောက်ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်းမဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

မတ်လ ၉ရက်နေ့ ညနေ (၄) နာရီ အချိန်ခန့်တွင် ရွှေဘိုမြို့နယ် ၊ ဇီးဖြူကုန်း ကျေးရွာ၌ အခြေပြု လှုပ်ရှားနေသည့် အကြမ်းဖက် စစ်ကောင်စီများနှင့် ပျူစောထီး များအား C&T ShweBo ၊ Snaek Eyes PDF ၊ Fighter One ၊ Alpha 7 ၊ Burmese Farmers Defense Force ၊ People Defense Force – Shwebo နှင့် ဗိုလ်ကျားရိုင်း စ​သော ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည်။ အဆိုပါ ခုခံတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ပြီး (၄) ဦး ထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

Public Service Announcement

အလားတူ မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီခန့်က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကမ်းဖြူရွာဘက်မှ ‌ရွှေကျင်ကျေးရွာသို့ အင်အား ၆ဝ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ဝက်လက်မြို့နယ် PDF တပ်ရင်း (၂)နှင့် ပ.က.ဖ ပူးပေါင်း တပ်ဖွဲ့တို့က တောင်ကုန်းရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့ကြောင်း ဝက်လက် PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။

ထို့​နောက်စစ်ကောင်စီတပ်သည် ယမန်နေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၆နာရီ ဝန်းကျင်အချိန်တွင် တောင်ကုံးကျေးရွာမှ ပြည်သူ့ နေအိမ် ၅ လုံးကို အကြမ်းဖက် မီးရှို့ဖျက်ဆီးသွားပြီး ဝက်လက်မြို့ ဘက်သို့ဆုတ်ခွာသွားခဲ့ကြောင်း၊ ကျဆုံးသွားသည့် စစ်ကောင်စီတပ်ဘက်မှ တပ်သား ၁ဦးရုပ်အလောင်းကို တောင်ကုံးကျေးရွာအတွင်း၌ စစ်ကောင်စီတပ်ကဖြစ်သလို သင်္ဂြိုဟ်သွားခဲ့ပြီး အဆိုပါ ရုပ်အလောင်းအား ပ.က.ဖအဖွဲ့များမှ ကောင်းကောင်းမွန်မွန် ပြန်လည် သင်္ဂြိုဟ်ပေးခဲ့ကြောင်း၊ တိုက်ပွဲတွင် ဝက်လက် PDF တပ်ရင်း – ၂ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ဝက်လက် PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။