Connect with us

Hi, what are you looking for?

News

ယင်းမာပင်တွင် စစ်​ကောင်စီတပ် မိုင်းကွင်းထဲတည့်တည့်​ရောက်၍ ၃၂ ဦးစလုံး​သေဟု ချင်းတွင်းရိုးမတပ်​ပေါင်စုထုတ်ပြန်

မတ်လ ၈ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏က ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာရှိ ပြည်သူ၁၂ ဦးကို သတ်ဖြတ်ခဲ့သည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်သားများ ။ (ပုံအ​ဟောင်းဖြစ်ပါသည်) )

●ယင်းမာပင်တွင်စစ်​ကြောင်းထိုး​နေ​သောတပ်ကို​ဒေသခံPDFများ၏ခုခံတိုက်ပွဲများ​နေစဥ်ဖြစ်​နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ပြည်သူ ၁၂ဦးအားသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်အားယ​နေ့နံနက်တွင် ပဒေသာမိုင်း ၁၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဆယ်ကျော်သေဆုံးသွားကြောင်း ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

မတ်လ ၈ ရက်နေ့က ယင်းမာပင်မြို့နယ်၊ လက်ပံတောရွာမှ ပြည်သူ ၁၂ ဦးကို သတ်ဖြတ်မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့ (မတ်လ ၁၁ ရက်နေ့ )နံနက် ၈နာရီ ၄၆မိနစ် ဝန်းကျင်တွင် ယင်းမာပင်မြို့နယ်၊ မျောက်နုံးရွာဘက်သို့ ဆင်းလာရာ ကျွဲကျရွာအနီးအရောက်တွင် ဗိုလ်သူရိန်၏ မိုင်းကွင်းထဲသို့ အကြမ်းဖက်စစ်သားများ ဝင်ရောက်လာခဲ့ပြီး ပဒေသာမိုင်း ၁၂လုံးဆွဲလိုက်ရာ အကြမ်းဖက်စစ်သား ၃၂ ဦးလုံး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၏ ဗိုလ်သူရိန်တပ်ရင်းက သတင်းထုတ်ပြန်သည်။

“ကာကွယ်ရေးဒုဦးစီးချုပ် မြထွန်းဦးရဲ့ “တပ်မတော်သည် ၂၇ရက်နေ့အတွင်း စစ်ကိုင်းတိုင်းကို အပြတ်ရှင်းရမယ် ဆိုတဲ့အမိန့်ကိုနာခံနေတဲ့ မင်းအောင်လှိုင်ရဲ့လက်ပါးစေ မြထွန်းဦးရဲ့ ၎င်းစခတွေ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု ၏ ဗိုလ်သူရိန်အဖွဲ့ရဲ့ သွေးကြွေးတောင်းမှုကြောင့် ငရဲပြည်သို့ မရှုမလှသွားရတော့တယ်။”ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ရေးသားထားသည်။ ယ​နေ့နံနက် ဗုံးခွဲတိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်​သေဆုံး ၊ထိ့ခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးဘဲ ၊အတည်ပြုရန်ကြိုးစားလျှက်ရှိပါသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ယမန်နေ့ မတ်လ ၁ဝ ရက်နေ့ နံနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ်၊ အိုးဘိုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သား ၅ ဦး သေဆုံးနိုင်ကြောင်း ယင်းမာပင် PDFက သတင်းထုတ်ပြန်သည်။

“ သီးကုန်း ဘုန်းကြီးကျောင်းကားကိုယူပြီး မိုင်းမိတဲ့ စစ်သားတွေကို သယ်သွားတယ်။ နောက်ပြီးဆိုင်ကယ်တွေကိုလည်း မီးရှို့သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေကြီး၊ ယင်းမာပင်ခရိုင်အတွင်းသို့ အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် မတ်လ ၈ရက်နေ့နံနက်ပိုင်းက ကံသာ- လက်ပံတောကျေးရွာတွင် တပ်စွဲထားစဉ် ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်၊ Yinmarbin Local PDF၊ Alpha Special Force၊ Triple Two၊ MTOF၊ SRDF၊ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်၊ ရွှေတြိဂံတပ်၊ တစ်ကိုယ်တော်သုဘရာဇာနှင့် အခြားသော ညီနောင် မဟာမိတ်တပ်များပူးပေါင်းကာ မြေပြင်‌ ဝေဟင်လှုပ်ရှားမှုများဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် လက်ပံတော ကျေးရွာမှတဆင့် သီးကုန်းကျေးရွာသို့ပြောင်းရွှေ့တပ်စွဲကာ လူသတ်၊ မီးရှို့အကြမ်းဖက်ယုတ်မာသော စစ်ကောင်စီအုပ်စုအား နေ့လယ် ၂နာရီ ၄၅ မိနစ်အချိန်တွင် ၂ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများရှိရာနေရာသို့တည့်တည့်ကျကာ အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း၊ နှစ်ရက်တာ ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သားများဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး ပြည်သူ့ ကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တချို့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း ယင်းမာပင် PDFက အသိပေးသည်။

မတ်လ ၈ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏က ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာရှိ ပြည်သူ၁၂ ဦးကို သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။