Connect with us

Hi, what are you looking for?

News

ဂတ်စ်ဖြည့်ဖို့စောင့်ဆိုင်းနေတဲ့ တက္ကစီတန်းကိုကွန်တိန်နာကားဝင်တိုက်လို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

မောင်းမကန်လမ်းမကြီးပေါ်က CNG ဆိုင်မှာ တက္ကစီတွေဟာ ဂတ်စ်ဖြည့်ဖို့ ညအိပ် တန်းစီထားကြတာပါ။ အဲဒီလို တန်းစီထားတဲ့ယာဉ်တန်းကို ကွန်တိန်နာကားကဝင်တိုက်တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ − သီရိမင်္ဂလာကျန်းမာရေးအခမဲ့လူနာတင်ယာဉ်အသင်း

တောင်ဒဂုံမြို့နယ် ၊မောင်းမကန်လမ်းမကြီးပေါ်က CNG ဆိုင်မှာ ဂတ်စ်ဖြည့်ဖို့ တန်းစီနေတဲ့ တက္ကစီတွေကို ကွန်တိန်နာကားက ဝင်တိုက်တာကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ဒီနေ့မနက်ပိုင်း ၆ နာရီလောက်က ဒီယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။

ဓာတ်ပုံ − သီရိမင်္ဂလာကျန်းမာရေးအခမဲ့လူနာတင်ယာဉ်အသင်း

မောင်းမကန်လမ်းမကြီးပေါ်က CNG ဆိုင်မှာ တက္ကစီတွေဟာ ဂတ်စ်ဖြည့်ဖို့ ညအိပ် တန်းစီထားကြတာပါ။ အဲဒီလို တန်းစီထားတဲ့ယာဉ်တန်းကို ကွန်တိန်နာကားကဝင်တိုက်တာလည်းဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့အမျိုးသား လေးဦးမှာလည်း သုံးဦးက စိုးရိမ်ရတယ်လို့သိရပြီး တက္ကစီ ကိုးစီးလည်းပျက်စီးသွားပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − သီရိမင်္ဂလာကျန်းမာရေးအခမဲ့လူနာတင်ယာဉ်အသင်း

မောင်းမကန်လမ်းမကြီးဟာ သီလဝါဆိပ်ကမ်းဆီကိုသွားကြတဲ့ ယာဉ်ကြီးတွေအများဆုံးအသုံးပြု သွားလာကြတဲ့လမ်းမကြီးပါ။

ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ CNG ဆိုင်မှာတော့ လက်ရှိမီးပုံမှန်မရတဲ့ အခြေအနေကြောင့် ဂတ်စ်ဖြည့်ဖို့ တက္ကစီတွေ ၊လိုင်းကားတွေဟာ ညအိပ်စောင့်ဆိုင်းတန်းစီကြတဲ့အခြေအနေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဆီဘောက်ဆာကားနဲ့ ကွန်တိန်နာကား တိုက်မိရာက မီးလောင်မှုဖြစ်ခဲ့ပြီး လမ်းဘေးက ဘုန်းကြီးကျောင်းကို မီးကူးခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ