Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂတ်စ်ဖြည့်ဖို့စောင့်ဆိုင်းနေတဲ့ တက္ကစီတန်းကိုကွန်တိန်နာကားဝင်တိုက်လို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

မောင်းမကန်လမ်းမကြီးပေါ်က CNG ဆိုင်မှာ တက္ကစီတွေဟာ ဂတ်စ်ဖြည့်ဖို့ ညအိပ် တန်းစီထားကြတာပါ။ အဲဒီလို တန်းစီထားတဲ့ယာဉ်တန်းကို ကွန်တိန်နာကားကဝင်တိုက်တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ − သီရိမင်္ဂလာကျန်းမာရေးအခမဲ့လူနာတင်ယာဉ်အသင်း

တောင်ဒဂုံမြို့နယ် ၊မောင်းမကန်လမ်းမကြီးပေါ်က CNG ဆိုင်မှာ ဂတ်စ်ဖြည့်ဖို့ တန်းစီနေတဲ့ တက္ကစီတွေကို ကွန်တိန်နာကားက ဝင်တိုက်တာကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ဒီနေ့မနက်ပိုင်း ၆ နာရီလောက်က ဒီယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။

ဓာတ်ပုံ − သီရိမင်္ဂလာကျန်းမာရေးအခမဲ့လူနာတင်ယာဉ်အသင်း

မောင်းမကန်လမ်းမကြီးပေါ်က CNG ဆိုင်မှာ တက္ကစီတွေဟာ ဂတ်စ်ဖြည့်ဖို့ ညအိပ် တန်းစီထားကြတာပါ။ အဲဒီလို တန်းစီထားတဲ့ယာဉ်တန်းကို ကွန်တိန်နာကားကဝင်တိုက်တာလည်းဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့အမျိုးသား လေးဦးမှာလည်း သုံးဦးက စိုးရိမ်ရတယ်လို့သိရပြီး တက္ကစီ ကိုးစီးလည်းပျက်စီးသွားပါတယ်။

ဓာတ်ပုံ − သီရိမင်္ဂလာကျန်းမာရေးအခမဲ့လူနာတင်ယာဉ်အသင်း

မောင်းမကန်လမ်းမကြီးဟာ သီလဝါဆိပ်ကမ်းဆီကိုသွားကြတဲ့ ယာဉ်ကြီးတွေအများဆုံးအသုံးပြု သွားလာကြတဲ့လမ်းမကြီးပါ။

ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ CNG ဆိုင်မှာတော့ လက်ရှိမီးပုံမှန်မရတဲ့ အခြေအနေကြောင့် ဂတ်စ်ဖြည့်ဖို့ တက္ကစီတွေ ၊လိုင်းကားတွေဟာ ညအိပ်စောင့်ဆိုင်းတန်းစီကြတဲ့အခြေအနေရှိနေပါတယ်။