စစ်ကိုင်းတိုင်း ကနီနှင့်ယင်းမာပင်နယ်စပ်တွင် ယနေ့ တိုက်ပွဲများပြင်းထန်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ့ကောင်ကွယ်ရေးအဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရသည့်အပေါ် အကောင်းဆုံး လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဟု Kani People Defense’s Force -KLGက သတင်းထုတ်ပြန်သည်။
ယင်းမာပင်မြို့နယ် မြောက်နုံးရွာတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲရန် စောင့်ဆိုင်းနေစဉ် စစ်ကောင်စီပစ်လိုက်သည် လက်နက်ကြီးကျည်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု KLGက သတင်းထုတ်ပြန်ထားသည်။

ယနေ့(မတ်လ ၁၁ရက်) နေ့လယ် ၁၂နာရီခန့်တွင် ဖြစ်ခဲ့သည့် အထက်ပါဖြစ်ရပ်အတွက် KLGက ” တိုက်ပွဲအတွင်းကျဆုံးသွားသော ရဲဘော်အတွက် စကစများကို ကျွန်တော်တို့ KLG PDFအဖွဲ့မှ အကောင်းဆုံး လက်တုံ့ပြန် တိုက်ခိုက်သွားပါမည်”ဟု သတင်းထုတ်ပြန် သည်။
ကနီနှင့် ယင်းမာပင်နယ်စပ်တွင် ယနေ့ ညနေ ၄နာရီခန့်အထိတိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိသော်လည်း အသေးစိတ်မသိရသေးဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ်တစ်ဦးကပြောသည်။

Public Service Announcement
“လူငယ်တွေ မနားရသေးဘူး။ အခုလည်း ပွဲဖြစ်(တိုက်ပွဲရှိသည်ဟု သတင်းရရှိခြင်းကိုဆိုလိုသည်)တယ်ဆိုလို့ ထွက်သွားကြပြီ”ဟု ကနီအခြေစိုက် ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။


















































