Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်နှင့် BGFတို့ ကရင်တွင်ထိုးစစ်ဆင်၍ ပြည်သူများထွက်​ပြေး​နေရချိန်တွင် မင်းသားမြင့်မြတ်ကBGFအရာရှိများနှင့်​ပျော်ရွှင်စွာညစာစားပွဲပြုလုပ်

BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှုးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို ယနေ့(မတ်လ ၁၁ရက်)ညတွင် လူမှုကွန်ရက်၌ တင်ထားသည်။ နး်ခြား​စောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်​ကောင်စီတပ် သြဇာခံ​သောအဖွဲ့များဖြစ်သည်။ကရင်ပြည်နယ်တွင် KNUလက်​အောက်ခံKNLA တပ်နှင့် PDF များကို စစ်​ကောင်စီတပ်နှင့်ပူး​ပေါင်းတိုက်ခိုက်​နေ​သောတပ်များဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့က ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်နေ၍ ​ဒေသခံပြည်သူများ​​နေရပ်စွန့်ခွာထွက်​ပြေး ဒုက္ခတွေ့နေချိန်တွင် နာမည်ကြီး သရုပ်ဆောင်မင်းသားမြင့်မြတ်က BGFအရာရှိများနှင့် ညစားစားပွဲကို​ပျော်ရွှင်စွာ ပြုလုပ်​နေသကို​တွေ့ရသည်။

BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှုးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို ယနေ့(မတ်လ ၁၁ရက်)ညတွင် လူမှုကွန်ရက်၌ တင်ထားသည်။ နး်ခြား​စောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်​ကောင်စီတပ် သြဇာခံ​သောအဖွဲ့များဖြစ်သည်။ကရင်ပြည်နယ်တွင် KNUလက်​အောက်ခံKNLA တပ်နှင့် PDF များကို စစ်​ကောင်စီတပ်နှင့်ပူး​ပေါင်းတိုက်ခိုက်​နေ​သောတပ်များဖြစ်သည်။

Facebook လူမှုကွန်ရက်ကို မြစ်သံလွင်အမည်ဖြင့် အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ်၊Kညီတို့နှင့်တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ကာ ” Dinner အတွက်ကျေးဇူးပါ ညီလေး” ဟု ယ​နေ့ညတွင်ရေးသားထားသည်။ညစာစားပွဲတွင် ဟင်းအမယ်စုံနှင့် အကြမ်းဖက်စစ်တပ်ထုတ်မြန်မာဘီယာပုလင်းများနှင့်အတူ ​ပြုံးရွှင့်ကြစား​သောက်​နေကြသည်ကို​တွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် BGFကကရင်ပြည်နယ် လေးကေးကော်မြို့သစ်နှင့် ကော့ကရိတ်မြို့နယ်အတွင်း ယခုရက်ပိုင်း ကျူး​ကျော်ထိုးစစ်ဆင်နေ၍ KNUနှင့် ပြည်သူကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်သည်။ အရပ်သားအမြောက်အများလည်း စစ်ဘေးရှောင်ထွက်​ပြေးနေရသည်။

Public Service Announcement

Public Service Announcement

ယင်းအခြေအနေတွင် BGFအရာရှိများနှင့် မြင့်မြတ်က အတူရှိနေသည့်အပေါ် ပြည်သူအချို့က ပြစ်တင်ရှုတ်ချသည်။

Public Service Announcement

“ စစ်ကောင်စီလက်အောက်ခံ BGF နဲ့ အခုလို ပလူးနေတာ မြင်ရအဆင်မပြေဘူးဗျာ။ကရင်တိုင်းရင်းသားတွေ ပြေးလွှားနေရတာမှ အားမနာဗျာ” ဟု ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။

မြင့်မြတ်သည် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့သို့ နှုတ်ဆိတ်နေပြီး ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ ထို့အပြင်
မြင့်မြတ်သည်စစ်ကောင်စီအမာခံ​ထောက်ခံသူ အဆို​တော်ယုန်​လေးနှင့် ရင်းနှီး​သော မိတ်​ဆွေဖြစ်သလို ၊ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ၏သမီး ခင်သီရိသက်မွန် အဓိကပိုင်ဆိုင် 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးနှင့်စာချုပ်ချုပ်ဆိုထား​သော အဓိကမင်းသားဖြစ်သည်။

မြင့်မြတ်ကဲ့သို့ပင် ယခုရက်ပိုင်းအတွင်း​ဖေစ်ဘွခ်ပြန်လည်အသုံးပြူလာ​သောနာမည်​ကျော်မင်းသမီး ဝတ်မှုန်​ရွှေရည်မှာ ၊ မကြာ​သေးခင်ကမဂ်လာ​ဆောင်​သောနာမည်​ကျော်မင်းသား ​နေတိုး တို့မှာလည်း မင်း​အောင်လှိုင်သမီး ခင်သီရိသက်မွန်အဓိကပိုင်ဆိုင်ပြီး ခင်သီရိသက်မွန်ဒါရိုက်တာတာဝန်ယူထား​သော 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးနှင့်စာချုပ်ချုပ်ထားကြသည်။

ကရင်ပြည်နယ်လေးကေ့ကော်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ထွက်ခွာရန် KNU တပ်မဟာ (၆ )ကမတ်လ ၇ ရက်နေ့တွင် စစ်ကောင်စီထံသို့ စာပေးပို့ တောင်းဆိုပြီးနောက် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ စစ်ရေးအခြေအနေ တင်းမာနေသည်။

စစ်​ကောင်စီအာဏာသိမ်းသည်ကိုလက်မခံဘဲ ပြည်သူနှင့်အတူရပ်တည်​နေ​သော KNU ကို အကြမ်းဖက်စစ်တပ်နှင့်BGF များက တိုက်ခိုက်​​နေ၍ ကရင်ပြည်နယ်တွင် ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နောက်ပိုင်းထွက်​ပြေး​နေရ​သောစစ်​​ပြေးဒုက္ခသည် ၆၈၉၀၀ ရှိ​ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ကယခုလဆန်းတွင်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာရှိတဲ့ မြိုင်ကြီးငူဒေသက ဆေးရုံကို ဒီနေ့မနက်အစောပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးအဆောက်အအုံ နဲ့ မော်တော်ယာဉ်အချို့ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ က ရွေးကောက်ပွဲအပြီးမှာ သံချပ်ကာကား နဲ့ လက်နက်ကြီးအပါအဝင် စစ်ကား အစီးရေ ၁၀၀ ခန့်ပါဝင်တဲ့ စစ်ယာဉ်တန်း ကို ကရင်ပြည်နယ်အတွင်းစေလွှတ်ခဲ့တယ်လို့သိရပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ လုပ်ကြံခရတယ်၊ ဆေးကုသမှု ခံယူနေရတယ်ဆိုတဲ့ သတင်းမှားတွေ စစ်ကောင်စီ ဝါဒဖြန့်သူတွေက လုပ်ကြံဖန်တီး ဖြန့်ဝေနေလို့ သတင်းတု သတင်းမှားတွေ အထူးသတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးပါတယ်။

သတင်း

BGF အသွင်ပြောင်းကရင်အမျိုးသားတပ်(KNA) အဖွဲ့တွေ မြဝတီမြို့ပေါ်ကနေထွက်ခွာဖို့ စစ်ကောင်စီတပ်ကသတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် ကျော်လွန်လာပေမယ့် မြို့ပေါ်မှာ KNA တပ်ဖွဲ့တွေ ရှိနေဆဲဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Facebook