Connect with us

Hi, what are you looking for?

News

မြစ်​ခြေနယ် ​ရွှေ​ချောင်းအတွင်းတိုက်ပွဲ စစ်​ကောင်စီတပ်သား သုံးဦး​သေ

မိုင်းဆွဲခံရပြီးနောက် မြစ်ခြေမြို့တွင် ည ၉နာရီ​ကျော်က ဗုံးပေါက်သံကြားရပြီးအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီးနောက် ပျူစောထီး၊ အကြမ်းဖက်စစ်တပ်နှင့် PDFများအပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။

(ပခုက္ကူမြို့နယ် မြစ်ခြေမြို့အဝင်တစ်​နေရာအား ​တွေ့ရစဥ်)

မကွေးတိုင်း ပခုက္ကူမြို့နယ် “ရွှေချောင်း” အတွင်း အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများစီးနင်းလာသော ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်မှ သုံးဦးသေဆုံးကြောင်း Y-3 မြေအောက်တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၁၁ ရက်က ပခုက္ကူမြို့နယ် မြစ်ခြေအုပ်စု “ရွှေချောင်း”အတွင်း ပျူစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသော ယာဥ်အား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် နောက်ဆက်တွဲသတင်းအရ အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Y-3မြေအောက်တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရဲဘော်များ အန္တရာယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်တော်သားများအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုများအနေ‌ဖြင့် မလိုအပ်ပဲအပြင်ထွက် သွားလာခြင်းမပြုရန်နှင့်အကြမ်းဖက်စစ်ကောင်စီဘက်တော်သားများနှင့် အနီးကပ်သွားလာနေထိုင်ခြင်းမပြုရန် Y-3 မြေအောက်တော်လှန်ရေးအဖွဲ့က တောင်းဆို သတိပေးသည်။

မိုင်းဆွဲခံရပြီးနောက် မြစ်ခြေမြို့တွင် ည ၉နာရီ​ကျော်က ဗုံးပေါက်သံကြားရပြီးအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီးနောက် ပျူစောထီး၊ အကြမ်းဖက်စစ်တပ်နှင့် PDFများအပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

Y-3 မြေအောက်တော်လှန်ရေးအဖွဲ့သည် အကြမ်းဖက်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တိုက်ထုတ်ပစ်လိုသည့် ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စုမှ သွေးသောက်တော်လှန်ရေးရဲဘော်များဖြင့် ဖေဖော်ဝါရီ၂ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၃ရက်က ပထမအကြိမ်‌အနေဖြင့် မြစ်ခြေအုပ်စု၊ ညောင်လှချောင်းဆုံ၌ အကြမ်းဖက်စစ်တပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Y-3 မြေအောက်တော်လှန်ရေးအဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။