Connect with us

Hi, what are you looking for?

News

မြစ်​ခြေနယ် ​ရွှေ​ချောင်းအတွင်းတိုက်ပွဲ စစ်​ကောင်စီတပ်သား သုံးဦး​သေ

မိုင်းဆွဲခံရပြီးနောက် မြစ်ခြေမြို့တွင် ည ၉နာရီ​ကျော်က ဗုံးပေါက်သံကြားရပြီးအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီးနောက် ပျူစောထီး၊ အကြမ်းဖက်စစ်တပ်နှင့် PDFများအပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။

(ပခုက္ကူမြို့နယ် မြစ်ခြေမြို့အဝင်တစ်​နေရာအား ​တွေ့ရစဥ်)

မကွေးတိုင်း ပခုက္ကူမြို့နယ် “ ရွှေချောင်း” အတွင်း အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများစီးနင်းလာသော ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်မှ သုံးဦးသေဆုံးကြောင်း Y-3 မြေအောက်တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၁၁ ရက်က ပခုက္ကူမြို့နယ် မြစ်ခြေအုပ်စု “ ရွှေချောင်း” အတွင်း ပျူစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသော ယာဥ်အား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် နောက်ဆက်တွဲသတင်းအရ အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Y-3မြေအောက်တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရဲဘော်များ အန္တရာယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်တော်သားများအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုများအနေ‌ဖြင့် မလိုအပ်ပဲအပြင်ထွက် သွားလာခြင်းမပြုရန်နှင့်အကြမ်းဖက်စစ်ကောင်စီဘက်တော်သားများနှင့် အနီးကပ်သွားလာနေထိုင်ခြင်းမပြုရန် Y-3 မြေအောက်တော်လှန်ရေးအဖွဲ့က တောင်းဆို သတိပေးသည်။

မိုင်းဆွဲခံရပြီးနောက် မြစ်ခြေမြို့တွင် ည ၉နာရီ​ကျော်က ဗုံးပေါက်သံကြားရပြီးအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီးနောက် ပျူစောထီး၊ အကြမ်းဖက်စစ်တပ်နှင့် PDFများအပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

Y-3 မြေအောက်တော်လှန်ရေးအဖွဲ့သည် အကြမ်းဖက်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တိုက်ထုတ်ပစ်လိုသည့် ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စုမှ သွေးသောက်တော်လှန်ရေးရဲဘော်များဖြင့် ဖေဖော်ဝါရီ၂ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၃ရက်က ပထမအကြိမ်‌အနေဖြင့် မြစ်ခြေအုပ်စု၊ ညောင်လှချောင်းဆုံ၌ အကြမ်းဖက်စစ်တပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Y-3 မြေအောက်တော်လှန်ရေးအဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။