Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီး​မော့ဆို ကုန်းသားရွာ သုံးရက်ကြာတိုက်ပွဲ စစ်​ကောင်စီတပ်သား ​ခြောက်ဦး​သေ

မတ်လ ၁၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၅နာရီကျော်မှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်ခဲ့ပြီး လေယာဉ်ကို အသုံးပြုကာ လက်နက်ကြီးများဖြင့်မနားတမ်း ပစ်ခတ်တိုက်ခဲ့သည်။

ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က

ဒီးမော့ဆိုမြို့နယ် ကုန်းသာ​ကျေးရွာတွင် သုံးရက်ကြာတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ (မတ်လ ၁၃) ထုတ်ပြန်သည်။

မတ်လ ၁၀ရက် မှ ၁၂ရက်အထိ ကုန်းသာ​ကျေးရွာ၌ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ် ၊ ဒီးမော့ဆို PDF ၊ ဖယ်ခုံ PDF ၊ အလယ်ပိုင်းတိုင်း နေပြည်တော်တပ်ရင်း ၊ မိုးဗြဲ PDF ၊ လွိုင်ကော် PDF၊ KGZ PDF ၊ KNDF ညီနောင်မဟာမိတ်အဖွဲ့များနှင့်အကြမ်းဖက် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က

မတ်လ ၁ဝရက်နှင့် ၁၁ ရက် တိုက်ပွဲများတွင် စစ်ကောင်စီ စခန်းချထားသည်နေရာသို့ ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ပိတ်ဆို့ထားပြီး စစ်ကြောင်းထပ်မထိုးနိုင်ရန် တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

မတ်လ ၁၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၅နာရီကျော်မှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်ခဲ့ပြီး လေယာဉ်ကို အသုံးပြုကာ လက်နက်ကြီးများဖြင့်မနားတမ်း ပစ်ခတ်တိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများကိုအဆမတန်အသုံးပြု ထိုးစစ်ဆင်းခဲ့သည့်အတွက် ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ကုန်သာရွာမှဒေါငံခါးဘက်သို့ ဆုတ်ခွာခဲ့ရသည်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က

ထိုတိုက်ပွဲများအတွင်း ပူးပေါင်းမဟာမိတ်အဖွဲ့များဘက်ဒဏ်ရာရသူများရှိသော်လည်း အကျအဆုံးမရှိခဲ့ပေ။

စစ်ရေးအရ အရေးပါသည့် ဒီးမော့ဆိုမြို့နယ်၊ဒေါငံခါးရွာကို ယာယီစွန့်လွှတ်လိုက်ရကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း ၁ က ယနေ့ထုတ်ပြန်ထားသည်။ ဒီးမော့ဆိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန်အကြမ်း ဖက်စစ်ကောင်စီ၏ ထိုးစစ်မှာ တစ်လနီးပါး ပြည့်တော့မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။