Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆို ကုန်းသားရွာ သုံးရက်ကြာတိုက်ပွဲ စစ်​ကောင်စီတပ်သား ​ခြောက်ဦး​သေ

မတ်လ ၁၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၅နာရီကျော်မှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်ခဲ့ပြီး လေယာဉ်ကို အသုံးပြုကာ လက်နက်ကြီးများဖြင့်မနားတမ်း ပစ်ခတ်တိုက်ခဲ့သည်။

ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က

ဒီးမော့ဆိုမြို့နယ် ကုန်းသာ​ကျေးရွာတွင် သုံးရက်ကြာတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ (မတ်လ ၁၃) ထုတ်ပြန်သည်။

မတ်လ ၁၀ရက် မှ ၁၂ရက်အထိ ကုန်းသာ​ကျေးရွာ၌ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ် ၊ ဒီးမော့ဆို PDF ၊ ဖယ်ခုံ PDF ၊ အလယ်ပိုင်းတိုင်း နေပြည်တော်တပ်ရင်း ၊ မိုးဗြဲ PDF ၊ လွိုင်ကော် PDF၊ KGZ PDF ၊ KNDF ညီနောင်မဟာမိတ်အဖွဲ့များနှင့်အကြမ်းဖက် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က

မတ်လ ၁ဝရက်နှင့် ၁၁ ရက် တိုက်ပွဲများတွင် စစ်ကောင်စီ စခန်းချထားသည်နေရာသို့ ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ပိတ်ဆို့ထားပြီး စစ်ကြောင်းထပ်မထိုးနိုင်ရန် တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

မတ်လ ၁၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၅နာရီကျော်မှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်ခဲ့ပြီး လေယာဉ်ကို အသုံးပြုကာ လက်နက်ကြီးများဖြင့်မနားတမ်း ပစ်ခတ်တိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများကိုအဆမတန်အသုံးပြု ထိုးစစ်ဆင်းခဲ့သည့်အတွက် ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ကုန်သာရွာမှဒေါငံခါးဘက်သို့ ဆုတ်ခွာခဲ့ရသည်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က

ထိုတိုက်ပွဲများအတွင်း ပူးပေါင်းမဟာမိတ်အဖွဲ့များဘက်ဒဏ်ရာရသူများရှိသော်လည်း အကျအဆုံးမရှိခဲ့ပေ။

စစ်ရေးအရ အရေးပါသည့် ဒီးမော့ဆိုမြို့နယ်၊ဒေါငံခါးရွာကို ယာယီစွန့်လွှတ်လိုက်ရကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း ၁ က ယနေ့ထုတ်ပြန်ထားသည်။ ဒီးမော့ဆိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန်အကြမ်း ဖက်စစ်ကောင်စီ၏ ထိုးစစ်မှာ တစ်လနီးပါး ပြည့်တော့မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။