Connect with us

Hi, what are you looking for?

News

ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ဒီမိုကရေစီ အန္တိမပန်းတိုင်ဆုံးခန်းတိုင်ရေး အပြီးသတ်တိုက်ပွဲဝင်ရမည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ထုတ်ပြန်

၁၉၈၈တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်း သားကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သွေးဖြင့်ခင်းထားသော ဒီမိုကရေစီတိုက်ပွဲသည် ယနေ့တိုင် အဆုံးသတ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းတို့ကျဆုံးခြင်း ၃၄ နှစ်မြောက် နှစ်ပတ်လည်နေ့ ယနေ့(မတ်လ ၁၃ရက်)ထုတ်ပြန်ခြင်းဖြစ်သည်။

(ရှစ်​လေးလုံးအ​ရေး​တော်ပုံ​​နေ့ အခမ်းအနားကို ၂၀၂၀ခုနှစ်က ရန်ကုန်မြို့၌ ကျင်းပ​နေစဥ်)

နွေဦးတော်လှန်ရေးတိုက်ပွဲသည် ၈၈၈၈ အရေးတော်ပုံကြီး၏ အန္တိမပန်းတိုင်ကို ဆုံးခန်းတိုင်စေရေးအတွက် အပြီးသတ်တိုက်ပွဲဝင်ရမည့် တော်လှန်ရေးဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန် သည်။

၁၉၈၈တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်း သားကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သွေးဖြင့်ခင်းထားသော ဒီမိုကရေစီတိုက်ပွဲသည် ယနေ့တိုင် အဆုံးသတ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းတို့ကျဆုံးခြင်း ၃၄ နှစ်မြောက် နှစ်ပတ်လည်နေ့ ယနေ့(မတ်လ ၁၃ရက်)ထုတ်ပြန်ခြင်းဖြစ်သည်။

လွန်ခဲ့သော ၃၄ နှစ်က ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ အပါအဝင်ဒီမိုကရေစီအရေးအတွက် ခေတ်အဆက် ဆက် တိုက်ပွဲဝင်ခဲ့ရသည့် အာဇာနည်သူရဲကောင်းများ၏ သွေးဖြင့်ခင်းထားသော တိုက်ပွဲခရီးကို ဆုံးခန်းထိရောက်အောင် ချီတက်ခြင်းနည်းဖြင့် ကျဆုံးခဲ့သူများ၏ စွန့်လွှတ်မှုများအတွက် ဂုဏ်ပြုကျေးဇူးတုံ့ပြန်ကြရန် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တိုက်တွန်းသည်။

လက်ရှိတွင် မြန်မာပြည်တဝန်း စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုကြီးက ရေကုန်ရေခမ်းတိုက်ပွဲဝင်နေရသည့် ကာလဖြစ်ပြီး ကိုဖုန်းမော်၊ ကိုစိုးနိုင် တို့ကဲ့သို့ပင် ဒီမိုကရေစီအတွက် အသက်စွန့်လှူခဲ့သူ အမြောက်အမြား၏ ပေးဆပ်စွန့်လွှတ်မှုနှင့် ညီမျှသော တော်လှန်ရေးပန်းတိုင်ကို ကျန်ရစ်သူများက မရောက်ရောက်အောင်ချီတက်သွားရမည်ဟု ဆက်လက်တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။