Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ဒီမိုကရေစီ အန္တိမပန်းတိုင်ဆုံးခန်းတိုင်ရေး အပြီးသတ်တိုက်ပွဲဝင်ရမည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ထုတ်ပြန်

၁၉၈၈တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်း သားကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သွေးဖြင့်ခင်းထားသော ဒီမိုကရေစီတိုက်ပွဲသည် ယနေ့တိုင် အဆုံးသတ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းတို့ကျဆုံးခြင်း ၃၄ နှစ်မြောက် နှစ်ပတ်လည်နေ့ ယနေ့(မတ်လ ၁၃ရက်)ထုတ်ပြန်ခြင်းဖြစ်သည်။

(ရှစ်​လေးလုံးအ​ရေး​တော်ပုံ​​နေ့ အခမ်းအနားကို ၂၀၂၀ခုနှစ်က ရန်ကုန်မြို့၌ ကျင်းပ​နေစဥ်)

နွေဦးတော်လှန်ရေးတိုက်ပွဲသည် ၈၈၈၈ အရေးတော်ပုံကြီး၏ အန္တိမပန်းတိုင်ကို ဆုံးခန်းတိုင်စေရေးအတွက် အပြီးသတ်တိုက်ပွဲဝင်ရမည့် တော်လှန်ရေးဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန် သည်။

၁၉၈၈တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်း သားကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သွေးဖြင့်ခင်းထားသော ဒီမိုကရေစီတိုက်ပွဲသည် ယနေ့တိုင် အဆုံးသတ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းတို့ကျဆုံးခြင်း ၃၄ နှစ်မြောက် နှစ်ပတ်လည်နေ့ ယနေ့(မတ်လ ၁၃ရက်)ထုတ်ပြန်ခြင်းဖြစ်သည်။

လွန်ခဲ့သော ၃၄ နှစ်က ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ အပါအဝင်ဒီမိုကရေစီအရေးအတွက် ခေတ်အဆက် ဆက် တိုက်ပွဲဝင်ခဲ့ရသည့် အာဇာနည်သူရဲကောင်းများ၏ သွေးဖြင့်ခင်းထားသော တိုက်ပွဲခရီးကို ဆုံးခန်းထိရောက်အောင် ချီတက်ခြင်းနည်းဖြင့် ကျဆုံးခဲ့သူများ၏ စွန့်လွှတ်မှုများအတွက် ဂုဏ်ပြုကျေးဇူးတုံ့ပြန်ကြရန် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တိုက်တွန်းသည်။

လက်ရှိတွင် မြန်မာပြည်တဝန်း စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုကြီးက ရေကုန်ရေခမ်းတိုက်ပွဲဝင်နေရသည့် ကာလဖြစ်ပြီး ကိုဖုန်းမော်၊ ကိုစိုးနိုင် တို့ကဲ့သို့ပင် ဒီမိုကရေစီအတွက် အသက်စွန့်လှူခဲ့သူ အမြောက်အမြား၏ ပေးဆပ်စွန့်လွှတ်မှုနှင့် ညီမျှသော တော်လှန်ရေးပန်းတိုင်ကို ကျန်ရစ်သူများက မရောက်ရောက်အောင်ချီတက်သွားရမည်ဟု ဆက်လက်တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

သတင်း

မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။

သတင်း

အရှေ့ဘုန်းကန်ရွာရှိ ပျူစခန်းလည်း လေးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်အုပ်စုက အင်ပင်စစ်ဆေးရေးဂိတ်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Pakokku Special Guerrilla Force-PSGF အဖွဲ့က အသိပေးသည်။

သတင်း

ယနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့သည်။