Connect with us

Hi, what are you looking for?

News

ပုလဲနယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၂၀​ထက်မနည်း​သေ၊ ပြည်သူ့ရဲ​ဘော် သုံးဦးကျဆုံးခဲ့ရဟု ဗိုလ်နဂါး​ပြော

သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများကို ယနေ့ (မတ်လ ၁၃ ရက်)တွင် ကားများဖြင့် လာရောက်သယ် ဆောင်သွားသည်ဟု ဒေသခံသတင်းရင်းမြစ်များက အသိပေးသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တုန်ကန်နှင့် နှောရိုးကျေးရွာကြား၌ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် MRDAဦးဆောင်သူ ဗိုလ်နဂါးက လူထုနွေဦးသို့ ပြော သည်။

မတ်လ ၁၂ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးလည်း ကျဆုံးခဲ့သည်ဟု ဆိုသည်။

“မတ်လ ၁၁ ရက်က သပြေအေးရွာကို မီးရှို့ခဲ့တဲ့ စစ်ခွေးတပ်။တုန်ကန်ကျေးရွာမှာ တပ်စွဲ နေတာ စခ ရော ပျူပါဆို ၉၀ ကျော်ရှိတယ်။ဒါပေမယ့် ၆၃ ယောက်ပဲ ဒီကောင်တွေ ပြန်ထွက်လာနိုင်ခဲ့တယ်။ ကျွန်တော်တို့ MRDA က ရဲဘော်နှစ်ဦး ကျတယ်။ပုလဲ ပြည်သူ့ပူးပေါင်းတပ်က တစ်ဦးကျတယ်”ဟု ဗိုလ်နဂါးက ပြော သည်။

Public Service Announcement

တိုက်ပွဲသည် မိနစ် ၄ဝခန့်ကြာမြင့်ခဲ့ပြီး ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများကို ယနေ့ (မတ်လ ၁၃ ရက်)တွင် ကားများဖြင့် လာရောက်သယ် ဆောင်သွားသည်ဟု ဒေသခံသတင်းရင်းမြစ်များက အသိပေးသည်။

ပုလဲမြို့နယ်ရှိ ကျေးရွာများကို ဖေဖော်ဝါရီလ ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ပစ္စည်းများ သိမ်းယူပြီး အမျိုးသမီးများကို သားမယားပြုကျင့်ကျင့်၍ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်။

လက်ရှိတွင် ပုလဲမြို့နယ် အလယ်ပိုင်းမှ ချောင်းဦးကြီး၊ ဇီးဖြူကုန်း၊ ဦးနှောက်၊ နှောရိုး၊ သပြေအေး နှင့် တုန်ကန် ကျေးရွာများ မီးရှို့ခံခဲ့ရပြီး ဒေသခံ ထောင်နှင့်ချီထွက် ပြေးတိမ်ရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။