Connect with us

Hi, what are you looking for?

News

ပု​လော​ထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ ဝန်ထမ်းနှစ်ဦးထိခိုက်

စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်​သော ​အဆိုပါထွေအုပ်ရုံးကို ယနေ့(မတ်-၁၃ရက်) ညနေ ၃နာရီတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်သည်။

People's Spring
People's Spring

တနသ်ာရီတိုင်း ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက် ခံ ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပုလောမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့-PPDFက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်​သော ​အဆိုပါထွေအုပ်ရုံးကို ယနေ့(မတ်-၁၃ရက်) ညနေ ၃နာရီတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်သည်။

“ဖြစ်တာက ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့က ရုံးထဲမှာ မိုင်းထားပြီးခွဲလိုက်တာ။ ထိခိုက်တာတော့ ကျားတစ်ဦး၊ မတစ်ဦးရှိတယ်။ မတစ်ဦးကိုတော့ မြိတ်ဆေးရုံးကိုပို့လိုက်တယ်”ဟု PPDFက ပြန်ကြားရေးတာဝန်ခံက ပြော သည်။

ထိခိုက်ခဲ့သည့် ဝန်ထမ်းများ၏ ရာထူးကို စုံစမ်းနေဆဲဟုလည်း ၎င်းက ဆိုသည်။ ထိုတိုက်ခိုက်မှုတွင် ဒေသခံကာကွယ်ရေးတပ်များဘက်မှ တစုံတရာထိခိုက်မူမရှိဟုလည်း ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုအတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လှုပ်ရှားမှုတစုံတရာမရှိသေးဟုလည်း ၎င်းကက ​ပြောသည်။

ထိုတိုက်ခိုက်မူကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော် (PPDF)နှင့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)တို့က ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၁၂ရက်ကလည်း တိုက်ခိုက်ခဲ့သေးဟု PPDF ပြန်ကြားရေးတာဝန်ခံက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။