Connect with us

Hi, what are you looking for?

News

ကုန်းသာတိုက်ပွဲတွင် ရဲ​ဘော်သုံးကျဆုံးခဲ့ရ​ကြောင်း ဒီး​မော့ဆို PDF အသိ​ပေး

တိုင်းပြည်အတွက် ပေးဆပ်တော်လှန်ခဲ့သော ကျဆုံးရဲဘော်သုံးဦး၏ မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတိုက်ပွဲ၌ ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)က ယနေ့(မတ်လ ၁၄ ရက်) ထုတ်ပြန်သည်။

ကျဆုံးခဲ့ရသော ရဲဘော်သုံးဦးသည် သေးဆူးလဲအုပ်စု၊ကုန်းသာကျေးရွာသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံစဥ် မတ်လ ၁၂ရက်က ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ထိုးကာ DMO -Local PDF ကို ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပိတ်ဆို့တိုက်ခိုက်မှုတွင် တပ်ဖွဲ့လွတ်မြောက်စေရန် မိမိအသက်ကို မငဲ့ညှာဘဲ အကြမ်းဖက်စစ်ကောင်စီကို ဒူးထောက်အရှုံးမပေးဘဲ ကျဆုံးရဲဘော်သုံးဦးမှာ တိုက်ခိုက်ခဲ့ကြောင်း DMO -Local PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုင်းပြည်အတွက် ပေးဆပ်တော်လှန်ခဲ့သော ကျဆုံးရဲဘော်သုံးဦး၏ မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြသည်။

ထို့အတူ တိုင်းပြည်အတွက် အသက်ပေးကာကွယ်ခဲ့သည့် ရဲဘော်သုံးဦးကို ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်းအဖြစ် အလေးနီပြု အသိအမှတ်ပြုကြောင်း DMO -Local PDF က ဆိုသည်။

မတ်လ ၁၀ ရက်မှ ၁၂ရက် အထိကုန်းသာရွာတွင် သုံးရက် ကြာတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။