Connect with us

Hi, what are you looking for?

News

က​လေးထောင်တွင်​ထောင်မှူးလည်ပင်းဓါးဖြင့်​ထောက်၍ ​ထောင်ဆူမှု စစ်​ကောင်စီတပ်သားများက​ သေနတ်ဖြင့်ပစ်၍ အကျဥ်းသား ၇ ဦး​သေဆုံးဟု​ဒေသခံများ​ပြော

သေဆုံးသူ ၇ ဦးသည် မည်သူမှန်းအတိအကျမသိရသေးသော်လည်း နွေဦးတော်လှန်ရေးတွင် ဖမ်းဆီးခံထားရသူများဖြစ်သည်ဟု​ ဒေသခံအချို့က​ ပြောသည်။

(က​လေးမြို့အကျဥ်း​ထောင်ကို​တွေ့ရစဥ်(ပုံအ​ဟောင်းဖြစ်ပါသည်၊ ဓါတ်ပုံ- CJ)

ကလေးမြို့အကျဥ်းထောင်တွင် အကျဥ်းသားအချို့က ထောင်မှူးလည်ပင်းအား ဓားဖြင့်​ထောက်ပြီး ထွက်​ပြေးရန် ကြိုးစားနေစဥ် အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်လာပြီး ပစ်ခတ်၍ အကျဥ်းသား၇ ဦးသေဆုံးခဲ့သည်ဟု ကလေးမြို့ခံများက ပြောသည်။

ယ​နေ့(မတ်၁၅)ည​နေ ၄ နာရီ နှင့် ၅ နာရီ ကြားတွင် က​လေး​ထောင်၌ ထိုကဲသို့ ​ထောင်ဆူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ထောင်မှူးလည်လှီးခံရတယ်။ ထောင်ကိုစီးတာ အောင်မြင်ကာနီး စစ်ခွေးတွေ ရောက်လာပြီး ပစ်သတ်တာ” ဟု ယင်းဖြစ်စဥ်ကိုသိသည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

အခြားက​လေးမြို့ခံတစ်ဦးဖြစ်သလို ဌာနတစ်ခု၏Non-CDM ဝန်ထမ်းတစ်ဦးကမှု “ကြားသိရသလောက်တော့ ​အဖမ်းခံရတဲ့PDF​တွေ နဲ့ ထောင်ဝန်ထမ်းတွေ ဖြစ်တာ ။ဒါကိုစစ်တပ်က ဝင်ပစ်တာ။ စစ်တပ်က အခုထောင်တခုလုံးကို ထိန်းထားလိုက်ပြီ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၇ ဦးသည် မည်သူမှန်းအတိအကျမသိရသေးသော်လည်း နွေဦးတော်လှန်ရေးတွင် ဖမ်းဆီးခံထားရသူများဖြစ်သည်ဟု​ ဒေသခံအချို့က​ ပြောသည်။

ဒဏ်ရာရသည့်ထောင်မှူးမှာလည်း ဒဏ်ရာပြင်းထန်ပြီး အသက်သေဆုံးနိုင်​ခြေရှိသည်ဟုလည်း ဒေသခံအချို့ကပြောသည်။

အကြမ်းဖက်စစ်​ကောင်စီကထိုဖြစ်စဥ်အ​ပေါ်သတင်းထုတ်ပြန်ရာတွင် က​လေး​အကျဥ်းထောင်မှ တာဝန်ခံအရာရှိအပါအဝင် အရာရှိ သုံးဦးအား အကျဥ်းသား ၅၀ ခန့်က ဓါးစာခံပြုလုပ်ပြီး​ထောင်မှ ထွက်​ပြေးရန် ပြုလုပ်စဥ် ​ထောင်တာဝန်ခံအရာရှိမှာပြန်လည်ခုခံသဖြင့်လွတ်​မြောက်သွားပြီး
ကျန်နှစ်ဦးအဖမ်းခံ​နေရသဖြင့် ၎င်းတို့ ၂ ဦးကိုလွှတ်​ပေးပြီးမိမိ​နေရာသိူ့ပြန်ရန် Hand Speaker ဖြင့်​ပြောဆိုသတိ့​ပေး​သော်လည်းမရ၍ပထမ​သေနတ်ဖြင့်​ခြောက်လှန့်ပစ်ကာမလိုက်နာ၍ ​သေနတ်ဖြင့်တစ်ကယ်ပစ်ခဲ့သည်ဟုထုတ်ပြန်သည်။စစ်​ကောင်စီဘက်မှ ​သေနတ်ဖြင့်ပစ်ခတ်၍ အချုပ်သား ၁၂ ဦးဒဏ်ရာရပြီး အချုပ်သား ၆ ဦးနှင့်အကျဥ်းသား ၁ ဦးစုစု​ပေါင်း ၇ဦး​သေဆုံးခဲ့သည်ဟုဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း အကျဥ်းထောင်စီးနင်းတိုက်ခိုက်ခံရမှုမှာ စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်း သုံးလအတွင်း ဒုတိယကြိမ်မြောက်ဖြစ်သည်။ တမူးမြို့ အကျဥ်းဦးစီးဌာန၏ အုတ်ဖိုကန်ဘောင်အကျဥ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဇန်နဝါရီ ၁၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထောင်ပိုင် အပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။