Connect with us

Hi, what are you looking for?

News

က​လေးထောင်တွင်​ထောင်မှူးလည်ပင်းဓါးဖြင့်​ထောက်၍ ​ထောင်ဆူမှု စစ်​ကောင်စီတပ်သားများက​ သေနတ်ဖြင့်ပစ်၍ အကျဥ်းသား ၇ ဦး​သေဆုံးဟု​ဒေသခံများ​ပြော

သေဆုံးသူ ၇ ဦးသည် မည်သူမှန်းအတိအကျမသိရသေးသော်လည်း နွေဦးတော်လှန်ရေးတွင် ဖမ်းဆီးခံထားရသူများဖြစ်သည်ဟု​ ဒေသခံအချို့က​ ပြောသည်။

(က​လေးမြို့အကျဥ်း​ထောင်ကို​တွေ့ရစဥ်(ပုံအ​ဟောင်းဖြစ်ပါသည်၊ ဓါတ်ပုံ- CJ)

ကလေးမြို့အကျဥ်းထောင်တွင် အကျဥ်းသားအချို့က ထောင်မှူးလည်ပင်းအား ဓားဖြင့်​ထောက်ပြီး ထွက်​ပြေးရန် ကြိုးစားနေစဥ် အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်လာပြီး ပစ်ခတ်၍ အကျဥ်းသား၇ ဦးသေဆုံးခဲ့သည်ဟု ကလေးမြို့ခံများက ပြောသည်။

ယ​နေ့(မတ်၁၅)ည​နေ ၄ နာရီ နှင့် ၅ နာရီ ကြားတွင် က​လေး​ထောင်၌ ထိုကဲသို့ ​ထောင်ဆူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ထောင်မှူးလည်လှီးခံရတယ်။ ထောင်ကိုစီးတာ အောင်မြင်ကာနီး စစ်ခွေးတွေ ရောက်လာပြီး ပစ်သတ်တာ” ဟု ယင်းဖြစ်စဥ်ကိုသိသည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

အခြားက​လေးမြို့ခံတစ်ဦးဖြစ်သလို ဌာနတစ်ခု၏Non-CDM ဝန်ထမ်းတစ်ဦးကမှု “ကြားသိရသလောက်တော့ ​အဖမ်းခံရတဲ့PDF​တွေ နဲ့ ထောင်ဝန်ထမ်းတွေ ဖြစ်တာ ။ဒါကိုစစ်တပ်က ဝင်ပစ်တာ။ စစ်တပ်က အခုထောင်တခုလုံးကို ထိန်းထားလိုက်ပြီ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၇ ဦးသည် မည်သူမှန်းအတိအကျမသိရသေးသော်လည်း နွေဦးတော်လှန်ရေးတွင် ဖမ်းဆီးခံထားရသူများဖြစ်သည်ဟု​ ဒေသခံအချို့က​ ပြောသည်။

ဒဏ်ရာရသည့်ထောင်မှူးမှာလည်း ဒဏ်ရာပြင်းထန်ပြီး အသက်သေဆုံးနိုင်​ခြေရှိသည်ဟုလည်း ဒေသခံအချို့ကပြောသည်။

အကြမ်းဖက်စစ်​ကောင်စီကထိုဖြစ်စဥ်အ​ပေါ်သတင်းထုတ်ပြန်ရာတွင် က​လေး​အကျဥ်းထောင်မှ တာဝန်ခံအရာရှိအပါအဝင် အရာရှိ သုံးဦးအား အကျဥ်းသား ၅၀ ခန့်က ဓါးစာခံပြုလုပ်ပြီး​ထောင်မှ ထွက်​ပြေးရန် ပြုလုပ်စဥ် ​ထောင်တာဝန်ခံအရာရှိမှာပြန်လည်ခုခံသဖြင့်လွတ်​မြောက်သွားပြီး
ကျန်နှစ်ဦးအဖမ်းခံ​နေရသဖြင့် ၎င်းတို့ ၂ ဦးကိုလွှတ်​ပေးပြီးမိမိ​နေရာသိူ့ပြန်ရန် Hand Speaker ဖြင့်​ပြောဆိုသတိ့​ပေး​သော်လည်းမရ၍ပထမ​သေနတ်ဖြင့်​ခြောက်လှန့်ပစ်ကာမလိုက်နာ၍ ​သေနတ်ဖြင့်တစ်ကယ်ပစ်ခဲ့သည်ဟုထုတ်ပြန်သည်။စစ်​ကောင်စီဘက်မှ ​သေနတ်ဖြင့်ပစ်ခတ်၍ အချုပ်သား ၁၂ ဦးဒဏ်ရာရပြီး အချုပ်သား ၆ ဦးနှင့်အကျဥ်းသား ၁ ဦးစုစု​ပေါင်း ၇ဦး​သေဆုံးခဲ့သည်ဟုဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း အကျဥ်းထောင်စီးနင်းတိုက်ခိုက်ခံရမှုမှာ စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်း သုံးလအတွင်း ဒုတိယကြိမ်မြောက်ဖြစ်သည်။ တမူးမြို့ အကျဥ်းဦးစီးဌာန၏ အုတ်ဖိုကန်ဘောင်အကျဥ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဇန်နဝါရီ ၁၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထောင်ပိုင် အပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။