Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ နိုင်ငံတကာဥပဒေချိုးဖောက်မှုများအတွက် ယာယီခုံရုံးဖွဲ့စည်းပေးရန် ကုလသမဂ္ဂကို NUG တောင်းဆို

မြန်မာစစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် လုပ်ငန်းစဉ်အား လုံခြုံရေးကောင်စီက စတင်လုပ်ဆောင်ရန်လည်း NUG က တောင်းဆိုထားသည်။

(ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြသူများအား အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁ ​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံနိုင်ရေးအတွက် ကုလသမဂ္ဂက ယာယီခုံရုံးဖွဲ့စည်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တောင်းဆိုလိုက်သည်။

NUG သည် ကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ စစ်ကောင်စီ၏ ဆိုးရွားသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာတင်သွင်းခဲ့ရာ ထည့်သွင်းတောင်းဆိုခြင်းဖြစ်ပြီး ကောင်စီအနေဖြင့် မတ်လ ၁၈ဈရက် မှ ၂၁ရက်အထိ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ဆွေး နွေးရာ၌ မြန်မာနိုင်ငံအတွင်း တစတစဆိုးရွားလာသော ကြမ်းကြုတ်ရက်စက်မှုများကို အမြန်ဆုံးနှင့် ဦးတည်ချက်ရှိရှိကိုင်တွယ်ဖြေရှင်းရန်လည်း တောင်းဆိုထားသည်။

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများရပ်တန့်စေရန်နှင့် စစ်အာဏာရှင်ခေါင်းဆောင်များအပါအဝင် ကျူးလွန်သူများကို သက်ဆိုင်သည့် အရေးယူပြစ်ဒဏ်ခတ်မှုများပြုလုပ်ရန် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်ကြရန် မြန်မာပြည်သူလူထုက ထပ်လောင်းတောင်းဆိုကြောင်းလည်း NUGက ထုတ်ပြန်သည်။

ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံ ၏အခြေအနေကို ICC သို့ လွှဲပြောင်းပေးရန် တောင်းဆိုပြီး နိုင်ငံတကာဥပဒေများအရ ရာဇဝတ်မှုမြောက်နေသည့် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုများကို လုံခြုံရေးကောင်စီက ရှုတ်ချရန် NUGက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် လုပ်ငန်းစဉ်အား လုံခြုံရေးကောင်စီက စတင်လုပ်ဆောင်ရန်လည်း NUG က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။