Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ၏ နိုင်ငံတကာဥပဒေချိုးဖောက်မှုများအတွက် ယာယီခုံရုံးဖွဲ့စည်းပေးရန် ကုလသမဂ္ဂကို NUG တောင်းဆို

မြန်မာစစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် လုပ်ငန်းစဉ်အား လုံခြုံရေးကောင်စီက စတင်လုပ်ဆောင်ရန်လည်း NUG က တောင်းဆိုထားသည်။

(ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြသူများအား အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁ ​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံနိုင်ရေးအတွက် ကုလသမဂ္ဂက ယာယီခုံရုံးဖွဲ့စည်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တောင်းဆိုလိုက်သည်။

NUG သည် ကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ စစ်ကောင်စီ၏ ဆိုးရွားသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာတင်သွင်းခဲ့ရာ ထည့်သွင်းတောင်းဆိုခြင်းဖြစ်ပြီး ကောင်စီအနေဖြင့် မတ်လ ၁၈ဈရက် မှ ၂၁ရက်အထိ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ဆွေး နွေးရာ၌ မြန်မာနိုင်ငံအတွင်း တစတစဆိုးရွားလာသော ကြမ်းကြုတ်ရက်စက်မှုများကို အမြန်ဆုံးနှင့် ဦးတည်ချက်ရှိရှိကိုင်တွယ်ဖြေရှင်းရန်လည်း တောင်းဆိုထားသည်။

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများရပ်တန့်စေရန်နှင့် စစ်အာဏာရှင်ခေါင်းဆောင်များအပါအဝင် ကျူးလွန်သူများကို သက်ဆိုင်သည့် အရေးယူပြစ်ဒဏ်ခတ်မှုများပြုလုပ်ရန် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်ကြရန် မြန်မာပြည်သူလူထုက ထပ်လောင်းတောင်းဆိုကြောင်းလည်း NUGက ထုတ်ပြန်သည်။

ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံ ၏အခြေအနေကို ICC သို့ လွှဲပြောင်းပေးရန် တောင်းဆိုပြီး နိုင်ငံတကာဥပဒေများအရ ရာဇဝတ်မှုမြောက်နေသည့် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုများကို လုံခြုံရေးကောင်စီက ရှုတ်ချရန် NUGက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် လုပ်ငန်းစဉ်အား လုံခြုံရေးကောင်စီက စတင်လုပ်ဆောင်ရန်လည်း NUG က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။