Connect with us

Hi, what are you looking for?

News

က​လေးမြို့ ​တောင်ဘက်ရှိနတ်​ချောင်းရွာတွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ​ဒေသခံကာကွယ်​​ရေးတပ်များသုံးရက်ဆက်တိုက်ပွဲဖြစ်​နေ

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မတ် ၁၃ ရက်ကတည်းက ကလေးမြို့တောင်ပိုင်းကိုစစ်အင်အားအလုံးအရင်း ထိုးစစ် ဆင်ခဲ့ခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က​ပြောသည်။

(PDF (က​လေး)တပ်ရင်း ၁ တပ်ဖွဲ့ဝင်များတိုက်ပွဲဝင်ရန် ပြင်ဆင်​နေကြစဥ် ။ ဓါတ်ပုံ-က​လေးPDF)

ကလေးမြို့တောင်ပိုင်း နတ်ချောင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား သုံးရက်ဆက်အဖြစ်တိုက်ပွဲပြင်းထန်နေ​ကြောင်းဒေသခံများကပြောသည်။

ထိုတိုက်ပွဲတွင် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်-တပ်ရင်း (၁) (PDF-က​လေး)နှင့် အခြားမဟာမိတ်တပ်များကအကြမ်းဖက်စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကထုတ်ပြန်ထားသည်။လက်ရှိ တိုက်ပွဲအခြေအနေများကြောင့် ကလေးမြို့တောင်ပိုင်းကို ခရီးသွားလာခြင်းမပြုရန်လည်းဒေသခံကာကွယ်ရေးတပ်များက အထူးသတိပေးထားသည်။

ယနေ့(မတ်၁၆ရက်)တွင် အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးများအလွန်အကျွံအသုံးပြုတိုက်ခိုက်နေပြီး ကျေးရွာအချို့ကို မီးရှို့ခဲ့ကာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားသည်ဟု ဒေသခံများက​ပြောသည်။

Public Service Announcement

“စစ်တပ်ဘက်က PDFတွေကို မနက်ကတည်းကလက်နက်ကြီးတွေ စပစ်နေတာ၊ တချို့ရွာတွေကိုလည်း မီးရှို့နေတယ်၊ အသေးစိပ်ကတော့ သေချာမသိရသေး။”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မတ် ၁၃ ရက်ကတည်းက ကလေးမြို့တောင်ပိုင်းကိုစစ်အင်အားအလုံးအရင်း ထိုးစစ် ဆင်ခဲ့ခြင်းဖြစ်သည်ဟု ​ဒေသခံအချို့က​ပြောသည်။

ထို​နောက်မတ် ၁၄ ရက်မှစတင်ပြီးဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးမြို့တောင်ပိုင်းရှိ နတ်ချောင်းနှင့် နတ်မြောင်းရွာများကို စစ်ကြောင်းထိုးပြီး လူနေအိမ်များကိုပါ မီးရှို့ဖျက်စီးနေသည်ဟု ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။