Connect with us

Hi, what are you looking for?

News

ဘန်ကောက်ကိုသွားတဲ့အဝေးပြေးလမ်းယာဉ်မတော်တမှုမှာ မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရရာ

ခြံစည်းရိုးကိုဝင်တိုက်တဲ့ ပစ်ကပ်ကားကို အဖြူရောင်ဗင့်ကားတစ်စီးက နောက်ကနေဝင်တိုက်ပေမယ့် ဗင့်ကားပေါ်က တစ်ဦးတစ်ယောက်မျှ ထိခိုက်တာမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လို့ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကိုတွေ့ရစဉ်

ထိုင်းတောင်ပိုင်း၊ မြောင်ခရိုင်ထဲက ဖန်ခဆန်မ်အဝေးပြေးလမ်းမကြီးမှာ မြန်မာလုပ်သားတွေလိုက်ပါလာတဲ့ ပစ်ကပ်ကားဟာ ဒီနေ့မနက်ပိုင်းက လမ်းလယ်စည်းရိုးကိုဝင်တိုက်လို့ ၁၂ ဦးထိခိုက်ဒဏ်ရာရကာ ခြောက်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘန်ကောက်ဘက်ကိုအသွား ပစ်ကပ်ကားဟာ ဒီမနက် ပိုင်း ၃ နာရီလောက်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာလို့ အမှုစစ် ရဲမှူးကြီးဆူသက်ဂျမီခွန် ပြောပါတယ်။

အနက်ရောင်ချဗလက်အမျိုးအစားပစ်ကပ်ကားဟာ အဝေးပြေးလမ်းမပေါ်က သတ္တုခြံစည်းရိုးကိုဝင်တိုက်မိတာပါ။

ဒီလိုတိုက်မိချိန်မှာ ကားပေါ်လိုက်ပါလာသူတွေ လွင့်စင်သွားပြီး ခြောက်ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရသွားကာ ဒဏ်ရာရသူတွေထဲက ငါးဦးဟာ စိုးရိမ်ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ခြံစည်းရိုးကိုဝင်တိုက်တဲ့ ပစ်ကပ်ကားကို အဖြူရောင်ဗင့်ကားတစ်စီးက နောက်ကနေဝင်တိုက်ပေမယ့် ဗင့်ကားပေါ်က တစ်ဦးတစ်ယောက်မျှ ထိခိုက်တာမရှိခဲ့ပါဘူး။

ယာဉ်တိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူတွေဟာမြန်မာနိုင်ငံသားတွေဖြစ်ကာ ကချင်ပြည်နယ်က ဖြစ်တယ်လို့သိရပါတယ်။

ဒဏ်ရာရသွားသူတွေကိုတော့ ပါရာချက်ခင်ရီခန် ဆေးရုံကိုပို့ဆောင်ကုသပေးထားတယ်လို့သိရပါတယ်။

ပစ်ကပ်ကားဟာ ဘီးပေါက်ပြီး လမ်းလယ်ခြံစည်းရိုးကိုဝင်တိုက်တာလို့ ထိုင်းရဲက ဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ ဖမ်းဆီး၊ သတ်ဖြတ်နေတဲ့အခြေအနေတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါနေတာကြောင့် ထိုင်းနိုင်ငံအတွင်း တရားမဝင်နည်းလမ်းကြောင်းနဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေ ဝင်ရောက်နေတာဖြစ်ပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာအဖွဲ့အစည်းတွေရဲ့ ပြောကြားချက်အရ ထိုင်းနိုင်ငံကို နေ့စဉ် တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာနေတဲ့ မြန်မာနိုင်ငံသား ရာနှင့်ချီရှိနေပြီး အချို့က ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ဖမ်းဆီးခံရမှုခံနေရတာပါ။

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook