Connect with us

Hi, what are you looking for?

News

ကရင်နီဒေသ၌ တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ဦးသေ

မတ်လ၉ရက်က ပူးဖာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာ၍ ပူဖားကျေးရွာ နှင့် သေးဆူလဲကျေးရွာအတွင်းရှိ နေအိမ် ၁ဝလုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

▪️ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲ​ဘော်​ခြောက်ဦးကျဆုံးခဲ့ရ

ကရင်နီဒေသ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မတ်လဒုတိယအပတ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၅ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့ သတင်းထုတ်ပြန်သည်။

မတ်လ ၉ ရက်မှ မှ ၁၆ရက်အထိ တိုက်ပွဲဖြစ်စဉ်များကို KNDFက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့်နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း ကရင်နီတပ်မတော် (KA)၊ KNDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် ရဲ​ဘော်​ခြောက်ဦး ကျဆုံးခဲ့ပြီး KNDFမှ ကျဆုံး အာဇာနည်သူရဲကောင်းများအား အစဉ်အမြဲအလေး ပြုကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲ-ဒီးမော့ဆိုလမ်းရှိ၊ ပူးဖာကျေးရွာ၊ ကုန်းသာ နှင့် ဒေါငံခါး ရပ်ကွက် များ တို့မှ လွိုင်ကော်-တောင်ငူလမ်းမကြီး တလျှောက် နောင်ပုလဲကျေးရွာဘက်များတွင် ထိုးစစ်ဆင်လျက်ရှိသည်ဟု ဆိုသည်။

မတ်လ၉ရက်က ပူးဖာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာ၍ ပူဖားကျေးရွာ နှင့် သေးဆူလဲကျေးရွာအတွင်းရှိ နေအိမ် ၁ဝလုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

မတ်လ ၉ရက်မှ ၁၄ရက်အတွင်း လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ နှင့် ထီတရိကျေးရွာ အနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့ပြင် မတ်လ၁၀ရက်က မိုးဗြဲမြို့ ဝါရီဆူးဖလိုင်ကျေးရွာအတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပူးပေါင်းတပ်ဖွဲ့၏မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ယာဉ်တစ်စီးပျက်စီးခဲ့သည်ဟု ဆိုသည်။

ယင်းနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ၊နှင့် ကုန်းသာကျေးရွာအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘာသာရေးအဆောက်အအုံ နှင့် ဘိုးဘွားရိပ်သာ ကျောင်းဆောင်များ ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၁ရက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာ အနီးတဝိုက်တွင် လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ်ထပ်မံပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဖရှုဆိုမြို့နယ် မာခရော့‌ရှေး ကျေးရွာအနီးတွင်လည်း မတ်လ ၁၂ရက်က စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းတစ်ခုကို KA နှင့် KNDFတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးမှ ခေါက်ပလော့နှင့် အုခူးရီရပ်ကွက်များသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အတွဲလိုက်ပစ်ဒုံးများဖြင့် တရစပ်ပစ်ခတ်ပြီး စစ်ကောင် စီတပ်များက ရပ်ကွက်တွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ ရပ်ကွက်များ အနီးတွင် ကရင်နီပူးပေါင်းတပ်များမှ ပြောက်ကျားတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးမှုများခဲ့ကြောင်း KNDFက ဆိုသည်။

ရှမ်း – ကယား နယ်စပ် လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာ များနှင့် ပီကင်းကောခူကျေးရွာများ တွင် မိုးဗြဲဘက်မှ စစ်ကြောင်း ထိုးလာ သော အကြမ်းဖက်စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ မတ်လ ၁၆ရက် နံနက် ၃နာရီမှ ညနေ ၆နာရီထိ တစ်နေ့လုံး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားနေသာ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့နှင့် ဦးခူးရီကျေးရွာတို့အတွင်းရှိ စာသင်ကျောင်းနှင့် ဘုရားကျောင်းများတွင် တပ်စွဲကာ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ရမ်းသမ်းပစ်ခတ်နေကြောင်း KNDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။